function buildCal(m, y, cM, cH, cDW, cD, brdr){ var mn=['January','February','March','April','May','June','July','August','September','October','November','December']; var dim=[31,0,31,30,31,30,31,31,30,31,30,31]; var oD = new Date(y, m-1, 1); //DD replaced line to fix date bug when current day is 31st oD.od=oD.getDay()+1; //DD replaced line to fix date bug when current day is 31st var todaydate=new Date() //DD added var scanfortoday=(y==todaydate.getFullYear() && m==todaydate.getMonth()+1)? todaydate.getDate() : 0 //DD added dim[1]=(((oD.getFullYear()%100!=0)&&(oD.getFullYear()%4==0))||(oD.getFullYear()%400==0))?29:28; var t='
'; t+=''; for(s=0;s<7;s++)t+=''; t+=''; for(i=1;i<=42;i++){ var x=((i-oD.od>=0)&&(i-oD.od' //DD added t+=''; if(((i)%7==0)&&(i<36))t+=''; } return t+='
'+mn[m-1]+' - '+y+'
'+"SMTWTFS".substr(s,1)+'
'+x+'
'; } WaiMyintMaw

Wednesday, February 28, 2007

2005 Myanmar Academy Awards



အကယ်ဒမီဆုပေးပွဲမျှော်လင့်နေသူများခင်ဗျား
၁၉၅၂ ခုနှစ်မှ ၂၀၀၄ ခုနှစ်ထိ ၅၃-နှစ်တာကာလအတွင်း မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ရန်ကုန်မြို့တွင်ပြုလုပ်ကျင်းပခဲ့သော်လည်း ယခုနှစ်(၅၄)ကြိမ်မြောက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအခမ်းအနားကို မတ်လ (၅)ရက်နေ့တွင် နေပြည်တော်လဟာပြင်ကဇာတ်ရုံ၌ ကျင်းပမည်ဆိုပဲဗျို့၊ အကယ်ဒမီဖြေဖျော်ပွဲအတွက် အဆိုတော် ၂၀ ဦးကိုလည်းဖိတ်ကြားထားတယ်ဆိုပဲဗျ၊ 28.2.2007 နေ့ထုတ်Weekly Eleven News ဂျာနယ်မှာဖတ်လိုက်ရလို့ တင်ပေးလိုက်တာပါ။ သူငယ်ချင်းတို့ မကြည့်လိုက်ရမှာစိုးလို့ပါ။

Labels:

| 0 Comments

Monday, February 26, 2007

The 5th ICT Exhibition 2007 Mandalay

မနေ့ကတည်းက ဒီ post ကိုတင်မလို့ဗျာ၊ အိမ်ပြန်ရောက်တော့ မီးက လာတော့လာတယ် ဒါပေမယ့် Computer သုံးလို့မရအောင်ကို မီးအားတွေ နည်းနေတယ်ဗျာ၊ ကျွန်တော်လည်း တော်တော်စိတ်ညစ်သွားတယ်၊ ဒါနဲ့ပဲ မီးအားကောင်းတဲ့အချိန်ကို စောင့်ပြီးမှ ပြပွဲကရိုက်လာတဲ့ပုံတွေကို edit လုပ်ပြီး ဒီနေ့မှတင်ဖြစ်တယ်၊ ဒီနှစ်ပြပွဲမှာ laptop နဲ့ Notebook တွေအများဆုံးပြသွားတာတွေ့ရတယ်ဗျ၊ ကျွန်တော်နဲ့ကိုနေကြီး UPS လေးတစ်လုံးဝယ်ဖို့ကို Computer ပြပွဲကိုသက်စေ့ပတ်လိုက်ရတယ်ဗျ နောက်ဆုံးတော့ Alpha ကနေ၀ယ်ဖြစ်သွားတယ်၊ အပြင် လူသွားစင်္ကြန်မှာလည်း လက်ကမ်းစာစောင်တွေ လွင့်ပြစ်ထားကြတာ အများကြီးပဲဗျာ၊ ဘာပဲပြောပြော ဒီလက်ကမ်းစာစောင်တွေက ဖတ်သင့်တယ် ဗဟုသုတရတာပေါ့၊ ကျွန်တော်ရိုက်ခဲ့တဲ့ပုံလေးတွေ အောက်မှာ တင်ပေးထားပါတယ်။ ကျွန်တော်က ဓါတ်ပုံပိုင်းမှာသိပ်မကျွမ်းဘူးဗျ၊ လိုအပ်ချက်တွေရှိနေရင်လည်း ပြောခဲ့ပါဦး။













































Labels:

| 0 Comments

Saturday, February 24, 2007

သူတို့အလှည့်ကဘယ်တော့လဲ?

၂၁-၂-၂၀၀၇ ရက်နေ့ထုတ် Health Digest Journal အတွဲ (၄) အမှတ်(၂၂) မှဒေါက်တာအယ်ဒီတာ ဆိုတဲ့ကဏ္ဍမှာ လူနာရှင်တစ်ဦးရေးထားတဲ့ အဖြစ်အပျက်လေးတစ်ခုပါ။

မောင်စူးရှ(မန္တလေးမြို့။) “ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကိုတင်ပြခွင့်ပြုပါ။ ကျွန်တော့်အနေနဲ့ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာစေလိုတဲ့ဆန္ဒ မရှိပါဘူးခင်ဗျာ။ ကျွန်တော့်ရေးသားချက်ထဲမှာ အမှားအယွင်းတစ်စုံတစ်ရာပါရင်လည်း ခွင့်လွှတ်ပါခင်ဗျာ။ ပညာထူးချွန်ထက်မြက်တဲ့ အသက်(၃၀)တောင်မပြည့်သေးသော လူငယ်လေးတစ်ဦးရဲ့ဖြစ်ရပ်ပါ။ သူဟာ အထက်လှန်အောက်လျှောဖြစ်တဲ့အတွက် ကျွန်တော်တို့မြို့မှ အထူးကုဆေးတိုက်ကြီးတစ်ခုသို့ တက်ရောက်ဆေးကုသခဲ့တဲ့ လူနာတစ်ဦးဖြစ်ပါသည်။ သူဟာ အဲဒီဆေးတိုက်ကြီးမှာ ဆေးကုသပြီး(၄)ရက်ခန့်အကြာမှာသေဆုံးခဲ့ပါတယ်။ သူ့ကို ဆီး၊၀မ်း၊သွေး၊သလိပ် ဓါတ်မှန် အစစအရာရာ စမ်းသပ်စစ်ဆေးခဲ့သော်လည်း အဖြေရှာမတွေ့ခဲ့ပါခင်ဗျာ။ ဘာရောဂါဖြစ်တယ်လို့ အမည်မတတ်နိုင်ခဲ့ကြပါဘူး။ လူနာမှာလည်း အိပ်ရာထဲတွင် ခွေခေါက်လဲနေသော လူနာပုံမပေါက်ခဲ့ပါ။ သန်သန်စွမ်းစွမ်းရှိခဲ့သောသူဖြစ်တယ်။ အထူးကုဆေးခန်းတွင်မသေဆုံးခင် တစ်မနက်လုံးနာကျင်စွာ ဝေဒနာခံစားနေရ၍ ဆရာဝန်အားတကြော်ကြော်အော်ခေါ်နေသံကို ကျွန်တော်မျက်မြင် ကိုယ်တွေ့ဖြစ်ခဲ့ရ၍ မျက်ရည်ပင်ကျခဲ့ရပါသည်။ လူနာမှာဆီးမသွားနိုင်သဖြင့် ၀မ်းဗိုက်အောက်ပိုင်းတွင် အပ်နှင့်ဖောက်ပေးခဲ့ပါသည်။ ထိုနေ့မနက်အစောက ဖောက်ပေးခဲ့ပြီးနောက် နံနက်(၁၀)နာရီ(၄၅)မိနစ်တွင် သေဆုံးသွားတဲ့ လူငယ်လေးကိုယ်တိုင်ကလည်းကောင်း၊ သူ၏မိသားစုဝင်ဆွေမျိုးများက လည်းကောင်း ဆီးဖောက်ပေးသောတာဝန်ခံဆရာဝန်ကို ခေါ်ပေးရန် အကြိမ်ကြိမ်အတန်တန်ပြောဆိုခဲ့ရာ အချိန်(၃)နာရီခန့်ကြာခဲ့ပါသည်။ လူငယ်လေးမသေဆုံးမီအချိန်မှာ သူနာပြုဆရာမလေးတစ်ဦးသာရှိပါသည်။ သေဆုံးသွားပြီးနောက်(၁၀)မိနစ်ခန့်အကြာတွင် ဆေးရုံတက်ခ၊ အခန်းခ၊ ဆေးဖိုး၊ ဆရာဝန်စမ်းသပ်စစ်ဆေးခ စာရင်းစာရွက်လာပြီး ငွေရှင်းခိုင်းပါသည်။ ဆရာဝန်ကြီးအားခေါ်ခိုင်းရာ"အခုလာတော့မယ်"၊ "ခဏနေရင်လာမယ်
၊ "တော်ကြာမှလာမယ်" ဆိုပြီး လုံးဝမလာတော့ပါ။ လာတော့လည်း ငွေရှင်းစာရင်းစာရွက်တော့ လာပါသည်။ အဲဒီလို အထူးကုဆေးခန်းကြီးကဘယ်လိုကုပေးမယ်၊ ဘယ်လိုရောဂါရှာဖွေပေးမယ် စသည်ဖြင့် ကြော်ငြာပြီး အထူးကုဆရာဝန်ကြီးများ၏ နာမည်များတန်းစီပြီး အပြည့်အကျပ်ရေးထားကာ ကြော်ငြာသောအထူးကုဆေးခန်းကို ကန်တော့ပါရဲ့ "……….ပြ၊ ဆန်တောင်း"ဆိုတဲ့စကားပုံလိုဖြစ်နေသလားလို့ထင်မိပါကြောင်း လေးစားစွာဖြင့်တင်ပြအပ်ပါသည်ခင်ဗျာ။”

ဒေါက်တာအယ်ဒီတာ“ကိုစူးရှစာထဲတွင် ဖော်ပြထားချက်အရလူနာသည် အထက်လှန်အောက်လျှောဖြစ်ခဲ့သည်ဆိုသဖြင့် အရည်နှင့်ဓါတ်ဆား ခန်းခြောက်ပြီး Irreversible Shock ဖြစ်ကာ ကျောက်ကပ်ထိခိုက်ပျက်စီး(Acute Renal Failure)ပြီးသေဆုံးခဲ့ရသည်ဟုယူဆရပါသည်။ ကုသမှုပိုင်းမှာတော့ အထူးကုဆေးခန်းကြီး ဖြစ်တာမို့ ပြည့်စုံအောင်ကုသပေးမှာဖြစ်ပါသည်။ ရောဂါရာဇ၀င်လည်း ပြည့်ပြည့်စုံစုံမသိရ။ စမ်းသပ်ကြည့်ရှုခြင်း မရှိရတဲ့အတွက် ခန့်မှန်းပြောဆိုရခြင်းသာဖြစ်ပါသည်။ သို့သော်(၃)နာရီအချိန်ကြာသည့်တိုင် လူနာနှင့်လူနာရှင်များ မျှော်လင့်ချက်လေးဖြင့် စောင့်စားနေခဲ့သည့်တိုင် သူတို့အားကိုးသော ဆရာဝန်က ရောက်မလာခြင်းဆိုသည်ကတော့ အရုပ်ဆိုးလှပါသည်။”

ဒီလိုအဖြစ်ပျက်တွေဟာ တကယ်ပဲဖြစ်ပျက်နေတာပါ၊ ကျွန်တော်ကတော့ကိုယ်တွေ့ မို့ပါ။
ယ္ခုခေတ်ဆေးခန်းကြီးအချို့သည် လူနာထံမှရမည့်ငွေသာ အဓိက၊ လူနာ၏ အသက်သည် သာမညဖြစ်နေပါသည်။ စီးပွားရေးဆန်လွန်းနေပါသည်။ လူ့လောက၌ အမွန်မြတ်ဆုံးသော အလုပ်ကို မွန်မွန်မြတ်မြတ်လုပ်သင့်ပါသည်။

ကျွန်တော့်ရဲ့ညီ ၀မ်းကွဲတစ်ယောက်ဟာလည်း ဒီလိုအထူးကုဆေးခန်းကြီးများရဲ့ဝန်ဆောင်မှု့ညမ့်ဖျင်းမှု့ကြောင့် တက်သစ်စလူငယ်လေးတစ်ဦးဟာ အညွှန့်တလူလူရှိနေတဲ့အချိန်မှာဘဲ လူ့လောကကို ကျောခိုင်းစွန့်ခွာသွားခဲ့ရတယ်ဗျာ။ သူဆုံးသွားတဲ့အချိန်မှာ first-year ဖြေပြီး အသက်က ၁၈ နှစ် ပြည့်ခါနီးဘဲရှိသေးတယ်ဗျာ။မှတ်မိသေးတယ်ဗျာ ကျွန်တော့်ညီဝမ်းကွဲဆုံးတော့ ကျွန်တော် ရတနာပုံတက္ကသိုလ်သွားပြီး အမိန့်ပြန်စာသွားယူတော့ ကျွန်တော့်ညီ first-year အောင်တယ်ဆိုတာသိလိုက်တော့ကျွန်တော် တော်တော်စိတ်မကောင်းဖြစ်မိတယ်ဗျာ၊ ဒေါသလည်းဖြစ်မိတယ်၊ဒါပေမယ့်ဗျာ ဘာတတ်နိုင်မှာလဲ အားလုံးကပြီးသွားပြီဘဲ ကျွန်တော့်ညီခမျာ သူစာမေးပွဲအောင်တာတောင်သိမသွားရှာရဘူးဗျာ၊ ကျွန်တော့်ညီက တစ်ဦးတည်းသောသားဆိုတော့ ဦးလေးနဲ့အဒေါ်ဆို အရူးတစ်ပိုင်းကိုဖြစ်လို့ဗျာ။

Labels:

| 0 Comments

Friday, February 23, 2007

အားနာပါတယ်ဗျာ


ဒီရက်ပိုင်း Post အသစ်မတင်ဖြစ်ဘူးဗျာ၊ လာလည်ကြတဲ့သူငယ်ချင်းတွေကို အားနာပါတယ်ဗျာ၊ အိမ်မှာ နွေအမီ အ၀ီစိတွင်းလေးတူးနေရတာရယ်၊
တခြားအလုပ်လေးတွေရှုပ်နေတာကြောင့်Post အသစ်တွေ မရေးဖြစ်တာပါ။

| 0 Comments

Sunday, February 18, 2007

ကြားဖူးနားဝ ဒဿနများ

မှားမှာ ကြောက်သည့်စိတ်
အမှားလုံးဝ ကျူးလွန်ခြင်းမရှိဟူသော သူကား ဘာတစ်ခုမျှ မလုပ်ကိုင်ခဲ့သူသာဖြစ်သည်။ စင်စစ်အမှားတကာ့အမှားထဲတွင် ထိုသို့ ဘာတစ်ခုမှ မလုပ်ခြင်းဟူသည်ပင် အကြီးမားဆုံးအမှား ဖြစ်ချေသည်။
ဒေါက်တာဝီလျံရေလီ

ပညာ

စဉ်းစားမှု မပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အန္တရာယ်ကြီးပေသည်။
ကွန်ဖြူးရှပ်

ဒေါသဟူသည်
ဒေါသဟူသည် ရူးသွပ်မိုက်မဲမှုနှင့် အစပြု၍ နောင်တသံဝေဂနှင့် နိဂုံးချုပ်ရမြဲ ဖြစ်သည်။
ပိုက်သဂိုးရပ်စ်

ဒေါသထွက်လျှင်
ဒေါသထွက်တုန်း စကားပြောလိုလျှင် ဦးစွာတစ်မှတစ်ဆယ်ထိ ရေပါ။ ဒေါသထွက်လွန်းနေက တစ်ရာထိဆက်ရေပါ။
သောမတ်စ်ဂျက်ဖာဆင်

ဂုဏ်သိက္ခာကို အလေးထား
ဂုဏ်သိက္ခာနှင့် အကျိုးအမြတ်သည် တစ်ခုတည်းသော အိတ်မှာချည်း အမြဲမတည်နိုင်။
ဂျော့ခ်ျဟားဘတ်

ဖိုးလမင်းမှပေးသော သင်ခန်းစာ
ထိန်ထိန်အသာဆုံးသောအချိန်သည်
ဆုတ်စပြုချိန် ဖြစ်၍
အမှောင်ဆုံးအချိန်ကား
ဆန်းစပြုချိန်တည်း။
တရုပ်စကားပုံ

လူ
လောက၌ လူလေးမျိုးရှိသည်။
( ၁ ) မသိသူ၊ မိမိ မသိကြောင်းကိုလည်း မသိသူ၊ ထိုသူသည် လူမိုက်ဖြစ်သည်၊ လုံးဝရှောင်ကြဉ်လေ။
( ၂ ) မသိသူ၊ သို့သော် မိမိ မသိကြောင်းသိသူ၊ ထိုသူသည်လူရိုး၊ သူ့အား သင်ကြားလေ။
( ၃ ) သိသူ၊ သို့သော် မိမိသိကြောင်းမသိသူ၊ ထိုသူသည် အိပ်ပျော်နေသောသူ။ သူ့အားနှိုးလေ။
( ၄ ) သိသူ၊ မိမိ သိကြောင်းလည်းသိသူ၊ ထိုသူသည် ပညာရှိ၊ သူ့အားဆည်းကပ်လေ။
အာရေဗျဆိုရိုးစကား

အမြင်မတူသူများ
ပြတင်းပေါက် သံတိုင်များကြားမှနေ၍ လူနှစ်ယောက် အပြင်သို့ကြည့်ကြသည်။ တစ်ယောက်က ရွံ့ဗွက်နွံအိုင်များကိုမြင်သည်။ တစ်ယောက်ကား ကြယ်ကလေးများလင်းလက်တောက်ပနေသည့် ကောင်းကင်ကို မြင်လေသည်။
လင်းဂ်ဘရစ်ခ်ျ

အချိန်
ဘ၀ကို ချစ်မြတ်နိုးပါသလား။
သို့ဖြစ်လျှင် အချိန်ကို မဖြုန်းတီးပါနှင့်။
အကြောင်းမူ ဘ၀သက်တမ်းဟူသည် အချိန်များဖြင့် တည်ဆောက်ထားရသောကြောင့်ဖြစ်သည်။
ဘင်ဂျမင်ဖရန်ကလင်

အချိန်ဆွဲသူများ

အချို့ပုဂ္ဂိုလ်များ၌ လုံးဝမလျှော့တမ်းပြဋ္ဌာန်းထားသည့် အရာတစ်ခုရှိ၏ ။ 'မနက်ဖြန်စလုပ်မည်' ဟူသောသန္နိဋ္ဌာန်။
မှန်သည်။ အမြဲတမ်း မနက်ဖြန်ပဲဖြစ်သည်။ ဘယ်တော့မှ ' ယနေ့ ' မဟုတ်။
သူတို့မှာ အံ့သြစရာကောင်းလောက်အောင် ထူးခြားကောင်းမွန်သော ခရီးလမ်းညွှန်မြေပုံရှိ၏။သို့သော် ဘယ်သောအခါမျှ ခရီးစတင်သည်မရှိ။ ကြီးကျယ်ခမ်းနားသော အဆောက်အဦ ပုံစံကြီးများ သူတို့ရေးဆွဲကြ၏ ။ သို့သော် တည်ဆောက်သည်ဟူ၍ကား လုံးဝမရှိ။
နန်းတော်ကြီးတစ်ခုဆောက်လုပ်ရန် ကြံရွယ်ကြ၏ ။သို့သော် တဲငယ်တစ်လုံးမျှပင် မဆောက်ဖြစ်ကြပေ။
အာတီပါရီရာ

| 1 Comments

Tuesday, February 13, 2007

Happy Valantine For All

အချစ်မြို့သူမြို့သားများအတွက်.........
၂၀၀၇ ခုနှစ်၊ ဖေဖေါ်ဝါရီ၁၄ရက် နေ့တွင်ကျရောက်သော ချစ်သူများနေ့မှသည် နောင်လာမည့် ချစ်သူများနေ့ပေါင်းများစွာကို
မိမိချစ်သောသူ(များ)နှင့် ပျော်ရွင်စွာဖြတ်သန်းနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်...........


ချစ်သူများနေ့ရဲ့သမိုင်းကြောင်းလေး သိချင်ရင် ဒီနေရာမှာ ဖတ်ကြည့်ပါ။

| 0 Comments

Monday, February 12, 2007

ဖခင်တစ်ဦးအကြောင်း

ဘာတွေပဲဖြစ်နေနေ၊ အဖေလာမယ် စိတ်ချ
၁၉၈၉ ခုနှစ်တွင် အာမေးနီးယားပြည်၌ ရစ်ချတာစကေး ၈.၂ ရှိသည့် အင်အားပြင်းထန်သော မြေငလျင်ကြီးတစ်ခု ဖြစ်ပေါ်သည်။ တိုက်တာအိမ်ရာတွေ မြေကြီးမှာ ပြားပြားဝပ်သွားပြီး
၎ မိနစ်ပင်မပြည့်သည့် အချိန်အတော
အတွင်း လူပေါင်း ၃၀,၀၀၀ကျော် သေဆုံးခဲ့ရသည်။ အပျက်အစီးတွေဖရိုဖရဲ ကစဥ့်ကလျားကြားမှာ ဖခင်တစ်ယောက် ဇနီးသည်ကိုအိမ်မှာ ဘေးမသီရန်မခထားခဲ့ကာ သူ့သားရှိနေမည့်စာသင်ကျောင်းဆီသို့ပြေးလာသည်။သို့သော် ကျောင်းဆီရောက်တော့ ကျောင်းက မြေမှာပြားချပ်နေပြီ။ရုတ်တရက်သူ့ရင်ထဲဆို့နင့်ကာ ကယောင်ချောက်ချားဖြစ်သွားသည်။ သည့်နောက်မှာ သားကို သူပေးထားသည့်ကတိစကားကို ပြန်၍သတိရသည်။ "ဘယ်ကိစ္စမျိုးကြုံကြုံသားဘာမှမစိုးရိမ်နဲ့၊အဖေရောက်လာမယ်စိတ်ချ"ဆိုသော စကား။ သူ့မျက်လုံးအစုံထဲမှာ မျက်ရည်တွေအိုင်လာသည်။ သူ့ရှေ့တွင် တစ်ချိန်ကစာသင်ကျောင်းရှိခဲ့သောနေရာ၌ အုတ်ပုံအစုအဝေးတစ်ခုရှိနေသည်။ ဘယ်လိုမှမျှော်လင့်နိုင်စရာမရှိအောင်ပိပြားနေသည့်အုတ်
ပုံကြီးတစ်ခု။ သို့သော် သားထံပေးခဲ့သောကတိစကားကို သူထပ်တလဲလဲပြန်ကြားနေသည်။
စိတ်ကိုတည်ငြိမ်အောင်ကြိုးစားထိန်းကာသူနေ့စဉ်နံနက်တိုင်းလိုက်ပို့နေကျဖြစ်သည့် သူ့သားငယ်၏စာသင်ခန်းရှိရာနေရာကို မှန်းဆရှာဖွေသည်။ သားတို့အခန်းသည် အဆောက်အဦး၏ လက်ယာဘက်အပိုင်းနောက်ဘက်ခြမ်းမှာ။ သည်နေရာသို့ သူပြေးသွားသည်။ ပြီးအုတ်ကျိုးအုပ်ပဲ့တွေကို စတင်တူးဆွဖယ်ရှားခြင်း ပြုလေသည်။ သူဖယ်ရှားနေဆဲ တခြားမိဘတွေပါရောက်လာာကသည်။”ငါ့သားလေး သေပါပြီ” ။ “အမယ်လေး……ငါ့သမီးလေး မရှိတော့ပါဘူး”စသည်ဖြင့်သောကမီး၊ ပရိဒေ၀မီးတွေ တောက်လောင်ကာ ငိုကြွေးကြမြည်တမ်းကြသည်။ တည်တည်ငြိမ်ငြိမ်ရှိသည့် တချို့မိဘများကတော့ (သွေးရူးသွေးတမ်းလုပ်ကိုင်နေဟန်ရှိသော)သူ့အား ကရုဏာသက်ကာ ကျောင်းပျက် အုတ်ကျိုးပုံမှ ဖျောင်းဖျခေါ်ယူကြသည်။
“ မရတော့ပါဘူးဗျာ ”
“ ဘယ်သူမှ အသက်မရှိတော့ပါဘူးဗျာ ”
“ အဲဒီလိုလုပ်နေလို့ အကျိုးမထူးတော့ပါဘူး၊ အိမ်သာ ပြန်ပါဗျာ ”
“ စိတ်ကိုထိန်းမှပေါ့၊ ခင်ဗျား မြင်တဲ့အတိုင်းပဲ၊ ဘာလုပ်လို့ရဦးမှာလဲ ” စသည်ဖြင့်ပြောကြသည်။
တချို့ကဆိုလျှင် “ ဟေ့လူ…တော်ပါတော့ဗျာ၊ ခင်ဗျားလုပ်တဲ့အတွက် ပိုတောင်ဆိုးနေဦးမယ်”ဟုအပြစ်
တင်ကြသည်။သည်လိုလာပြောသည့်မိဘတိုင်းကို သူက စကားတစ်ခွန်းပဲပြန်ပြောသည်။ ” ဒီမှာ…. ခင်ဗျားအခုကျွန်တော်လုပ်နေတာကို ၀င်ကူမလား၊ မကူဘူးလား၊ ဒါပဲပြောဗျာ”ဟူ၍။ သည်နောက် အဲသည်
လူတွေကို လျစ်လျူရူကာ သူ့သားကိုဖော်ထုတ်နိုင်ဖို့ပဲ သူဆက်လုပ်သည်။ အုတ်၊အင်္ဂတေ အစိုင်အခဲတွေ တစ်တုံးချင်တစ်ဖဲ့ချင်း ကောက်ယူဖယ်ရှားသည်။ သည်အချိန် မီးသတ်အရာရှိ ရောက်လာပြီးသူ့ကို ဆွဲထုတ်ဖို့ကြိုးစားသည်။
”မီးတွေလောင်နေပြီ၊
ဘယ်နေရာမဆို အချိန်မရွေး ထပေါက်နိုင်တယ်၊ ခင်ဗျားအတွက် အန္တရယ်ရှိတယ်၊ ကျွန်တော်တို့ လုပ်ပါ့မယ်၊ကိုယ့်အိမ်သာကိုယ်ပြန်ပါ”ဟု ဆိုသည်။ သားကို ချစ်သောအဖေကတော့ သူ့စကားကို အရေးမထား။
”ခင်ဗျားကျုပ်ကို ကူညီမလား၊မကူညီဘူးလား၊ ဒါပဲပြောပါ”ဟုပဲ ပြန်ပြောသည်။
ရဲကလည်း ရောက်လာသည်။
“ခင်ဗျားသွေးရူးသွေးတန်းတွေ လျှောက်လုပ်မနေနဲ့၊ ခင်ဗျားကြောင့် တခြားလူတွေမှာ အန္တရာယ်ဖြစ်မယ်၊ အိမ်ပြန်ပါ၊ ကျွန်တော်တို့ လုပ်ပါ့မယ်”
ရဲကိုလည်း ခင်ဗျားကျွန်တော့်ကိုကူညီမှာလားပဲ သူပြန်မေးသည်။
မည်သူကမျှ မကူညီ။
သို့သော် ကိစ္စမရှိ။ သူ့ဘာသာတစ်ကိုယ်တည်း ဇွဲနပဲကြီးစွာ သူတူးဖော်သည်။ သူ့မှာအရေးကြီးနေတာတစ်ခုပဲရှိသည်။ ”ငါ့သားလေး သေပြီလား၊အသက်ရှင်နေသေးလား” ဒါသေချာဖို့လိုသည်။သူတစ်ယောက်တည်း အုတ်ကျိုးအုတ်ပျက်ပုံကိုဖယ်ရှားသည်။ ၈ နာရီ ကြာပြီ၊…..၁၂ နာရီ၊……၂၄ နာရီ၊…..၃၆ နာရီ၊ အဲသည်နောက် ၃၈ နာရီမြောက်၌ အုတ်အင်္ဂတေတုံးကြီးတစ်တုံး သူဆွဲထုတ်လိုက်ပြီးသည့်နောက်တွင် သား၏အသံကို ကြားလိုက်ရသည်။ ချက်ချင်းပင် သား၏နာမည်ကို သူ သံကုန်အော်ခေါ်လိုက်သည်။
“အားမန်း…………”
ပြန်အော်သံ ကြားရသည်။
”ဖေဖေ……ဖေဖေလား၊ သားပါ ဖေဖေရ၊
သူငယ်ချင်းတွေလဲ သားပြောထားတယ်၊’ဘာမှမကြောက်ကြနဲ့၊ ငါ့အဖေ မသေသေးရင် ငါ့ကိုသေချာပေါက် လာကယ်မှာ၊ ငါလွတ်ရင် မင်းတို့လဲလွတ်မယ်’လို့၊ ဖေဖေ သားကို ကတိပေးထားတယ်မဟုတ်လား၊’ဘယ်ကိစ္စမျိုးကြုံကြုံ သားမစိုးရိမ်နဲ့၊ ဖေအရောက်လာမယ်စိတ်ချ’ဆိုတာလေ၊ အခု အဖေပြောထားတဲ့အတိုင်းပဲ ရောက်လာပြီပေါ့”
“အဲဒီ အောက်ထမှာ ဘယ်လို အခြေအနေရှိလဲသား” အဖေကမေးသည်။
“သားတို့ ၃၃ယောက်ထဲမှာ ၁၄ယောက်ပဲကျန်တယ် အဖေ၊ သားတို့ ကြောက်လဲကြောက်တယ်၊ဆာလဲ ဆာတယ်၊ရေလဲ ငတ်တယ်၊ အဖေရောက်လာတာအရမ်းဝမ်းသာတာပဲ၊ ကျောင်းကြီးပြိုကျတော့ သားတို့နေရာလေးကွက်ပြီး တြိဂံပုံ အမြှောင့်လေး တစ်မြှောင့်မပိဘဲ ကျန်နေတယ်၊ အဲဒါကြောင့် သားတို့မသေတာ”
“ကဲ………ထွက်ခဲ့တော့သားရေ”
“နေဦး ဖေဖေရ၊ တခြားလူတွေ အရင်ထွက်ပါစေ၊သားမှာက ဖေဖေရှိနေတာပဲ၊ဘယ်လိုကိစ္စမျိုးကြုံကြုံသားက မစိုးရိမ်ဘူး၊ အဖေလာကယ်မယ်ဆိုတာ သိနေတယ်”

ဆရာဖေမြင့်ရဲ့ နှလုံးသားအဟာရ ရသစာများ ထဲကတစ်ခုပါ။၊
ကျွန်တော်ကြိုက်လွန်းလို့ မျှဝေလိုက်တာပါ။
ကျွန်တော်သာ နောင်တစ်ချိန်မှာ မိဘနေရာရောက်ခဲ့လို့ ဖခင်တစ်ယောက်ဖြစ်ခွင့်ရခဲ့မယ်ဆိုရင် ဒီရသစာထဲက ဖခင်လို ကိုယ့်ရဲ့သားသမီးကို ယုံကြည်မှု့ အပြည့်အ၀ပေးချင်ပါတယ်ဗျာ။ တခြားသူတွေလည်း
ကျွန်တော့လိုခံစားမိမှာပါ။



| 1 Comments

ပြည်ထောင်စုနေ့


ယနေ့ ၂၀၀၇ ခုနှစ်၊ဖေဖေါ်ဝါရီလ ၁၂ ရက်တွင် ကျရောက်သောကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နှစ်(၆၀)ပြည့် ပြည်ထောင်စုနေ့ အားကြိုဆိုပါသည်။ ပြည်ထောင်စုနေ့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို ကိုလိုနီနယ်ချဲ့တို့၏ နှစ်ပေါင်း ၁၀၀ကျော် ကျွန်ပြုကြီးစိုးမှုအောက်မှ တိုင်းရင်းသားစည်းလုံးညီညွတ်မှု စွမ်းအားဖြင့်ဆန့်ကျင်ရုန်းထွက်ကာ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအဖြစ် ပြန်လည်မွေးဖွားသန့်စင်ပေးခဲ့သည့် သမိုင်းတန်ဖိုးကြီးမားလှသောနေ့ထူးနေ့မြတ်မင်္ဂလာနေ့တစ်နေ့ဖြစ်ပါသည်။ထို့အပြင် လွတ်လပ်ရေးအတွက် သန္ဒေတည်ပေးခဲ့သည့်နေ့၊ ပြည်ထောင်စုကြီး၏အစဉ်ထာဝရ တည်တံ့ခိုင်မြဲရေးအတွက် အသက်တမျှအရေးကြီးသည့်နေ့၊ မြန်မာနိုင်ငံသမိုင်းတွင် အစဉ်အမြဲအောက်မေ့တသ နေရမည့်နေ့ စသည့် နိုင်ငံရေးအဓိပါယ်အလွန်လေးနက်သော ဖေဖေါ်ဝါရီ ၁၂ ရက်ကို"ပြည်ထောင်စုနေ့"ဟုသတ်မှတ်ပြီး နှစ်စဉ်နှစ်တိုင်း ၄င်းနေ့ရက်တွင် ပြည်ထောင်စုနေ့အခမ်းအနားများကို နိုင်ငံတစ်ဝန်းလုံး၌ ပျော်ပွဲရွင်ပွဲများကျင်းပကြပါသည်။ ကျွန်တော်ငယ်ငယ်ကပါဝင်ဆင်နွှဲခဲ့ဖူးသော ဖေဖေတာဝန်ကျရာ ဆည်တော်ကြီးရှိ ဘောလုံးကွင်းတွင်ကျင်းပသော ပြည်ထောင်စုနေ့ပျော်ပွဲရွင်ပွဲများကို ပြန်မြင်ရောင်သတိရမိပါသည်။

| 0 Comments

Friday, February 9, 2007

လူငယ်တစ်ဦးရဲ့ဘ၀တစ်ဆစ်ချိုး

ဒဿမတန်းအောင်စာရင်းထွက်ပြီးနောက်ပိုင်း ကျွန်တော်ရေးထားတဲ့စာသားလေးပါ၊
တစ်နေ့ကမှစာအုပ်စင်ရှင်းရင်း တွေ့လို့ တင်လိုက်တာပါ၊
ခံစားကြည့်ပါဦး။

လမ်းပြောင်းချိန်

စက်ခေါင်းမဲ့၇ထားတစ်စင်းကို
မျှော်လင့်ချက်လောင်စာနဲ့ ငါခုတ်မောင်းခဲ့
မှားယွင်းတဲ့ လမ်းပြဂါတ်ဗိုလ်
ငါ့အလိုမလိုက်
မှားဆိုက်ဘူတာ
ဘူတာအ၀င် ဆိုင်းဘုတ်မြင်လျှင်
ငါ့မှာမချိ ၇င်မှာထိ၏
ဤမြို့အ၀င်ကား
အပြာရောင်နတ္ထိ
အနီရောင် အတိနှင့်
အစိမ်းရင့်ရောင်စက္ခုတစ်စင်း
ငါ့ကိုခွင်း၍ကြိုနှင့်၏
အဘိဓမ္မာ
အသိပညာနှင့် တမန်တော်ကား
ငါမဟုတ်ခဲ့ပါ။
သို့တည်းမဟုတ်
ချိနဲ့အင်အား လမ်းပြောင်းမှားချိန်
အသိကင်းကွာ
ငါ.......အိပ်ပျော်နေရော့သလား?

| 1 Comments

American Army

အပူလှိုင်းလက်နက်ဆန်းကို အမေရိကန်တီထွင်

မေရိကန်ကာကွယ်ရေးဝန်ကြီးဌာနသည် အနာဂတ်စစ်ပွဲများနှင့် အဓိကရုဏ်း နှိမ်နင်းရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် အပူလှိုင်းလက်နက်အသစ်အ ဆန်းတစ်မျိုးကို စတင်စမ်းသပ်ထုတ်လုပ် လိုက်ပြီဖြစ်သည်။ လူမသေစေနိုင်သော ထိုလက်နက်သည် မျက်စိဖြင့်မမြင်နိုင် သော စွမ်းရည်မြင့်လှိုင်းတစ်မျိုးကို အသုံး ပြုပြီး ရုတ်တရက်အပြင်းအထန်ပူလောင် စေသော ဝေဒနာကိုခံစားရစေမည်ဖြစ် သည်။ ဤနည်းဖြင့် သွေးထွက်သံယိုမဖြစ် စေပဲ ရန်သူများကို လက်နက်ချခိုင်းပြီး အရှင်ဖမ်းနိုင်မည်ဟု သိရသည်။ Active Denial System ဟုခေါ်သော ထိုလက်နက်ဆန်းကို ဂျော်ဂျီယာရှိ Moody လေ တပ်အခြေစိုက်စခန်းတွင် သရုပ်ပြခဲ့ခြင်း ဖြစ်သည်။ အပူရောင်ခြည်လှိုင်းများကို ဟမ်းဗီးဂျစ်ကားပေါ်တွင် တင်ထားသော ထောင့်မှန်စတုဂံပုံအပြားကြီးတစ်ခုမှ ပစ် လွှတ်ခြင်းဖြစ်ပြီး မီတာငါးရာအကွာအ ဝေး အထိရောက်ရှိကြောင်းတွေ့ရသည်။ ထိုရောင်ခြည်များသည် အ၀တ်အစားများ ကို ထွင်းဖောက်နိုင်ပြီး၊ အရေပြားအတွင်း သို့ အတန်ငယ်ထိုးဖောက်နိုင်ကာ 50ံCံ အပူချိန်ကို ရုတ်ခြည်းခံစားရမည်ဖြစ်သည်။ အပစ်ခံရသူသည် တစ်စုံတစ်ရာအနာတရကြီးကြီးမားမားဖြစ်မည်မဟုတ် ကြောင်း စစ်ဘက်သုတေသနပညာရှင် သီယိုဒိုဘာနာက ဆိုသည်။

| 0 Comments

Tuesday, February 6, 2007

အဲဒီနေ့မှာဘာတွေဖြစ်ခဲ့လဲ


ကိုယ်မွေးခဲ့တဲ့ သက္ကရာဇ်မှာ ကမ္ဘာမှာ ဘာတွေဖြစ်ခဲ့တယ်၊ ဘယ်သူတွေ မွေးဖွားခဲ့တယ် ... ဆိုတာတွေကို သိနိုင်ဖို့ အတွက် ... ဒီနေရာမှာ ၀င်ကြည့်နိုင်ပါတယ်...

http://www.kakophone.com/kakorama/EN/

| 0 Comments

ဘ၀အတွက် ကဗျာတစ်ပုဒ်

တခါတလေ ကျွန်တော်စိတ်ဓာတ်တွေကျစိတ်တွေညစ်တဲ့အခါ ကျွန်တော့်၇ဲ့စိတ်ကို မြှင့်တင်ပေးတဲ့ကဗျာလေးပါ။
ဘ၀မှာ အခက်အခဲတွေနဲ့တွေ့တဲ့အခါ အားဆေးတစ်ခွက်ဖြစ်မှာပါ။ကဗျာဆ၇ာ၇ဲ့အမည်ကို မမှတ်မိတော့ဘူး။
ဇွဲ
သွားနေ၇မှာဘဲ
လဲလျှင်ပြန်ထ ဒါဘ၀ပဲလေ
လဲမှာကြောက်လို့ မလျှောက်ပဲနေ
မေ၇ာက်ပဲ သွေမှာပေါ့
ပန်းတိုင်ဆိုတာ
လှမ်းနိုင်သူ့ အလံဘဲမို့
မာန်ဇွဲမလျော့။

| 1 Comments