ဘဲအုပ်က တစ်ရာနှစ်ရာ....
သူငယ်ချင်းတစ်ယောက်က ဘွဲ့ဝတ်စုံထုတ်ဖို့ ကျောင်း(အစိုးရနည်းပညာတက္ကသိုလ်၊အိုးဘို)ကို လိုက်ခဲ့ပါဦးဆိုလို့ လိုက်သွား၇င်း အမှတ်တရရိုက်ခဲ့တဲ့ပုံတွေပါ။ ခဏဆိုလို့ လိုက်သွားပါတယ်ဗျာ မနက် ၈:၀၀ နာရီတည်းက ၀တ်စုံထုတ်ဖို့စောင့်လိုက်ရတာ နေ့လည် ၁:၀၀ လောက်မှပြီးတယ်ဗျာ။ နေပူပူမှာ ချွေးတလုံးလုံးနဲ့တိုးဝှေ့နေတဲ့ ကျောင်းသားတွေနဲ့ ကျောင်းသားရေးရာက ၀န်ထမ်းတွေကိုကြည့်ပြီး "ဘဲအုပ်က တစ်ရာနှစ်ရာ မဗေဒါက တစ်ပင်တည်း......" ဆိုတဲ့ သီချင်းကိုတောင် သွားသတိရမိတယ်ဗျာ....။

1 Comments:
ဟုတ်ပါ့ဗျာ ... စကားမစပ် ဒီဓာတ်ပုံထဲမှာ သူငယ်ချင်းတစ်ယောက်ကိုတွေ့လိုက်တယ်။ နာမည်က မော်သူ Mechatronic က ထင်တယ် :)
Post a Comment
Subscribe to Post Comments [Atom]
<< Home