ရယ်ရွှင်ဖွယ်ရာဟာသများ
သတိ
ိ
ဆရာဝန်နဲ့ ရှေ့နေသူငယ်ချင်း နှစ်ယောက်ဆုံမိတော့...
“ဆရာဝန်တစ်ယောက် တစ်ချက်မှားလိုက်ရင် လူတစ်ယောက်က မြေအောက်ကို ရောက်သွားနိုင်တယ်ဗျ”
“အင်း ခင်ဗျားတို့ရှေ့နေတစ်ယောက် တစ်ချက်မှားလိုက်ရင်လည်း လူတစ်ယောက် လေထဲမှာ တွဲလောင်းကြီး ဖြစ်နေနိုင်တာပါပဲဗျာ”
“ဆရာဝန်တစ်ယောက် တစ်ချက်မှားလိုက်ရင် လူတစ်ယောက်က မြေအောက်ကို ရောက်သွားနိုင်တယ်ဗျ”
“အင်း ခင်ဗျားတို့ရှေ့နေတစ်ယောက် တစ်ချက်မှားလိုက်ရင်လည်း လူတစ်ယောက် လေထဲမှာ တွဲလောင်းကြီး ဖြစ်နေနိုင်တာပါပဲဗျာ”
အညွန်း
“ဒေါက်တာ အခန်းနံပါတ်ကိုးက လူနာကို ကျွန်မ ဆေးသွားတိုက်တိုင်း ကတုန်ကယင်ဖြစ်ပြီး ရင်ခုန်သံတွေမှန်ဘူးဖြစ်နေတယ် အဲဒါ ဘယ်လိုလုပ်ရမလဲ”
“နောက်တစ်ခါသွားရင် ဆရာမ လည်ပင်းက ကြယ်သီးလေးတပ်သွားပါ”
“နောက်တစ်ခါသွားရင် ဆရာမ လည်ပင်းက ကြယ်သီးလေးတပ်သွားပါ”
သေချာအောင်
စိတ်ရောဂါကုဆေးရုံကို ဖုန်းဆက်လို့ စုံစမ်းရေးဌာနက ဖြေရတယ်
“အခန်းနံပါတ် ၃၀ ကလူနာအခြေအနေ သိချင်လို့ပါ”
“၀မ်းနည်းပါတယ်ရှင်၊ သူပျောက်နေလို့ ကျွန်မတို့ရှာနေပါတယ်”
“ကျေးဇူးပါပဲဗျာ၊ ကျွန်တော့်စိတ်ထဲမှာ အပြင်ရောက်နေတာကို သံသယ၀င်နေလို့ ဖုန်းဆက်ကြည့်လိုက်တာပါ”
စဉ်းစားစရာ
“ဆရာ ကျွန်တော့်မိန်းမလည်း ယောက်ျားအဖြစ်များ ပြောင်းချင်လို့လားမသိဘူးဆရာ၊ ထူးခြားတာတွေ တွေ့လာရတယ်”
“ဘယ်လိုထူးခြားမှုလဲ”
“အရင်က ကျွန်တော့်ကို မကျေနပ်ရင် ဗိုက်ကိုဆွဲလိမ်တာဆရာ၊ ခုတလောမှာတော့ မူပျက်လာတယ်၊ သူမကျေနပ်ရင် လက်သီးနဲ့ထိုးတယ်ဆရာ”
“ဘယ်လိုထူးခြားမှုလဲ”
“အရင်က ကျွန်တော့်ကို မကျေနပ်ရင် ဗိုက်ကိုဆွဲလိမ်တာဆရာ၊ ခုတလောမှာတော့ မူပျက်လာတယ်၊ သူမကျေနပ်ရင် လက်သီးနဲ့ထိုးတယ်ဆရာ”
အမြန်ခေါ်ခဲ့
“ဟဲလို... ပြောပါ”
“စိတ်ရောဂါအထူးကု ဆရာဝန်ကြီးပါလားရှင်”
“ဟုတ်ပါတယ်”
“ကျွန်မယောက်ျားရဲ့အပြုအမူတွေထူးခြားနေလို့ အဲဒါ ဆရာ့ဆေးခန်းလာပြဖို့ လိုယမလို ဆွေးနွေးချင်လို့ပါဆရာ”
“ထူးခြားတဲ့လက္ခဏာတွေ ပြောပြပါလား”
“ညနေ အချိန်မှန်အိမ်ပြန်လာတယ်ဆရာ၊ ငွေလည်းအပ်တယ်၊ မနက်အစောထပြီး အိမ်အလုပ်တွေလည်း ကူလုပ်တယ်”
“အိမ်ထောင်သက် ဘယ်လောက်ရှိပြီလဲ”
“အနှစ် ၂၀”
“ဟာ အမြန်ခေါ်ခဲ့၊ အဲဒါ ပုံမှန် စိတ်မဟုတ်ဘူး”

နောက်ဆုံးတော့
ဈေးဝယ်က ဆေးရောင်းသူကို
“မင်းတို့ဆိုင်မှာ ဟိုဟာရှိသလားကွ”
“ဘာလဲ ခင်ဗျာ”
“ကာကွယ်တဲ့ဟာကွာ”
“ဘယ်ရောဂါအတွက်လဲ ကာကွယ်တဲ့ဆေးပစ္စည်းတွေက အစုံရှိတာ”
“ကလေးမယူချင်လို့ကွာ”
“အဲဒါလည်း အစုံရှိတာပဲ၊ စားဆေး ထိုးဆေး”
“အင်း... မင်းနားလည်အောင်ပြောရရင် နောက်ဆုံးတော့ ကွန်ဒုံးက ကွန်ဒုံးပါပဲကွာ”
ကျွန်တော်ဖတ်ဖူးသော ဟာသစာအုပ်များမှ ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home