၂၀၀၅ခုနှစ်အတွက် အကောင်းဆုံးမြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီဆု) ရရှိကြသူများ
ကြည်စိုးထွန်း ရုပ်ရှင်ဒါရိုက်တာဆု ဆဌဂံ
ဧ၀ရတ်ရုတ်ရှင်ထုတ်လုပ်ရေး ရုပ်ရှင်ဇာတ်ကားဆု ကျန်စစ်မင်း
လူမင်း အမျိုးသားဇာတ်ဆောင်ဆု ကျန်စစ်မင်း
ထွန်းအိန္ဒြာဗို အမျိုးသမီးဇာတ်ဆောင်ဆု မိုးကုပ်စက်ဝိုင်းကိုကျော်လွန်၍
ချမ်းသာကြည်စိုး အမျိုးသားဇာတ်ပို့ဆု ဆဋ္ဌဂံ
မြတ်ကေသီအောင် အမျိုးသမီးဇာတ်ပို့ဆု ချစ်ခြင်းဖွဲ့မေတ္တာ
ကြည်စိုးထွန်း ရုပ်ရှင်ဇာတ်ညွှန်းဆု ဆဋ္ဌဂံ
အောင်သွင် ရုပ်ရှင်တည်းဖြတ်ဆု ဆဋ္ဌဂံ
ကြည်စိုးထွန်း ရုပ်ရှင်ဇာတ်ညွှန်းဆု ဆဋ္ဌဂံ
ခင်မောင်ကြီး ရုပ်ရှင်တေးဂီတဆု ကျန်စစ်မင်း
နိုင်နုရှိန်(ဖထီး) ရုပ်ရှင်ဓါတ်ပုံဆု မိုးကုပ်စက်ဝိုင်းကိုကျော်လွန်၍
ရဲဝင်း(ခ)ရစ်ချတ်ရဲဝင်း အသံထူးချွန်ဆု ကျန်စစ်မင်း
ရဲဝင်း(ခ)ရစ်ချတ်ရဲဝင်း အသံထူးချွန်ဆု ကျန်စစ်မင်း
အောင်သွင် ရုပ်ရှင်တည်းဖြတ်ဆု ဆဋ္ဌဂံ
အကယ်ဒမီဆုပေးပွဲကျင်းပရာ နေပြည်တော်ရှိ လဟာပြင်ကဇာတ်ရုံ
ဆဋ္ဌဂံဇာတ်ကားဖြင့် ဇာတ်ညွှန်းဆုနှင့် ဒါရိုက်တာဆု နှစ်ဆုရသွားခဲ့သည့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဒါရိုက်တာကြည်စိုးထွန်းနှင့် မလိခစိုးထိုက်အောင်
ကျန်စစ်မင်းဇာတ်ကားဖြင့် ဇာတ်ကားဆုနှင့် ဇာတ်ဆောင်ဆု နှစ်ဆုရသည့်လူမင်း
ပရိသတ်လက်ခုတ်သံ အများဆုံးရရှိခဲ့သည့် ဓါတ်ပုံဆုရှင် နိုင်နုရှိန် (ဖထီး )
အကယ်ဒမီစင်မြင့်ပေါ်မှပုံရိပ်များ
အကယ်ဒမီဆွတ်ခူးသူတို့၏ ရင်တွင်းစကားများ
ကြည်စိုးထွန်း(ဒါရိုက်တာဆု နှင့် ဇာတ်ညွှန်းဆု)
“မြန်မာ့ရုပ်ရှင်လောကကို အစဉ်တစိုက်မြှင့်တင်ပေးနေတဲ့ နိုင်ငံတော်အကြီးအကဲများ နှင့် ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ ထူးချွန်ဆု အကဲဖြတ်အဖွဲ့ဝင်များကိုလည်း အထူးကျေးဇူးတင်ပါတယ်။ နောင်မျိုးဆက်သစ်တွေကို မွေးထုတ်ပေးတော့မယ့် ယဉ်ကျေးမှုဝန်ကြီးဌာနကိုလည်း ကျေးဇူးတင်ကြောင်းပြောပါရစေ။”
လူမင်း(ဇာတ်ဆောင် နှင့် ဇာတ်ကားဆု)
“ကျွန်တော်ပြောခဲ့ဖူးပါတယ်။ စေတနာမှန်ရင်လုပ်ရပ်အောင်မြင်တယ်လို့ပါ။ အခု ဒီအချိန်မှာ ဒီလိုရလာတယ်ဆိုတာ ကျွန်တော့်စေတနာမှန်လို့ လုပ်ရပ်အောင်မြင်တာပဲဖြစ်တယ်လို့ ပြောပြချင်ပါတယ်။”
နိုင်နုရှိန်(ဖထီး)(ဓါတ်ပုံဆု)
“ကျွန်တော်တစ်ယောက်တည်း ကောင်းလို့ရခဲ့တာမဟုတ်ပါဘူး။ ဒါရိုက်တာနဲ့ လုပ်ဖော်ကိုင်ဖက်တွေက အများကြီးမူတည်ပါတယ်”
ထွန်းအိန္ဒြာဗို(ဇာတ်ဆောင်ဆု)
“အရမ်းကိုဝမ်းသာကြည်နူးမိပါတယ်။ ဒီနှစ်ရတဲ့အကယ်ဒမီကို ကျွန်မအနေနဲ့သားလေးအတွက် ကြိုးစားပေးနိုင်တယ်လို့ ခံယူမိတဲ့အတွက် ဂုဏ်လည်းယူမိတယ်။ မိုးကုပ်စက်ဝိုင်းကို ကျော်လွန်၍ ဇာတ်ကားမှာလည်း ကိုယ်သရုပ်မဆောင်ဘူးတဲ့ ဇာတ်ကောင်စရိုက်မျိုးမှာ ကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ရတာဆိုတော့ ထိုက်တန်တယ်လို့လည်း ယူဆပါတယ်”
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home