American Army
အပူလှိုင်းလက်နက်ဆန်းကို အမေရိကန်တီထွင်
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနသည် အနာဂတ်စစ်ပွဲများနှင့် အဓိကရုဏ်း နှိမ်နင်းရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် အပူလှိုင်းလက်နက်အသစ်အ ဆန်းတစ်မျိုးကို စတင်စမ်းသပ်ထုတ်လုပ် လိုက်ပြီဖြစ်သည်။ လူမသေစေနိုင်သော ထိုလက်နက်သည် မျက်စိဖြင့်မမြင်နိုင် သော စွမ်းရည်မြင့်လှိုင်းတစ်မျိုးကို အသုံး ပြုပြီး ရုတ်တရက်အပြင်းအထန်ပူလောင် စေသော ဝေဒနာကိုခံစားရစေမည်ဖြစ် သည်။ ဤနည်းဖြင့် သွေးထွက်သံယိုမဖြစ် စေပဲ ရန်သူများကို လက်နက်ချခိုင်းပြီး အရှင်ဖမ်းနိုင်မည်ဟု သိရသည်။ Active Denial System ဟုခေါ်သော ထိုလက်နက်ဆန်းကို ဂျော်ဂျီယာရှိ Moody လေ တပ်အခြေစိုက်စခန်းတွင် သရုပ်ပြခဲ့ခြင်း ဖြစ်သည်။ အပူရောင်ခြည်လှိုင်းများကို ဟမ်းဗီးဂျစ်ကားပေါ်တွင် တင်ထားသော ထောင့်မှန်စတုဂံပုံအပြားကြီးတစ်ခုမှ ပစ် လွှတ်ခြင်းဖြစ်ပြီး မီတာငါးရာအကွာအ ဝေး အထိရောက်ရှိကြောင်းတွေ့ရသည်။ ထိုရောင်ခြည်များသည် အ၀တ်အစားများ ကို ထွင်းဖောက်နိုင်ပြီး၊ အရေပြားအတွင်း သို့ အတန်ငယ်ထိုးဖောက်နိုင်ကာ 50ံCံ အပူချိန်ကို ရုတ်ခြည်းခံစားရမည်ဖြစ်သည်။ အပစ်ခံရသူသည် တစ်စုံတစ်ရာအနာတရကြီးကြီးမားမားဖြစ်မည်မဟုတ် ကြောင်း စစ်ဘက်သုတေသနပညာရှင် သီယိုဒိုဘာနာက ဆိုသည်။

0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home