function buildCal(m, y, cM, cH, cDW, cD, brdr){ var mn=['January','February','March','April','May','June','July','August','September','October','November','December']; var dim=[31,0,31,30,31,30,31,31,30,31,30,31]; var oD = new Date(y, m-1, 1); //DD replaced line to fix date bug when current day is 31st oD.od=oD.getDay()+1; //DD replaced line to fix date bug when current day is 31st var todaydate=new Date() //DD added var scanfortoday=(y==todaydate.getFullYear() && m==todaydate.getMonth()+1)? todaydate.getDate() : 0 //DD added dim[1]=(((oD.getFullYear()%100!=0)&&(oD.getFullYear()%4==0))||(oD.getFullYear()%400==0))?29:28; var t='
'; t+=''; for(s=0;s<7;s++)t+=''; t+=''; for(i=1;i<=42;i++){ var x=((i-oD.od>=0)&&(i-oD.od' //DD added t+=''; if(((i)%7==0)&&(i<36))t+=''; } return t+='
'+mn[m-1]+' - '+y+'
'+"SMTWTFS".substr(s,1)+'
'+x+'
'; } WaiMyintMaw

Monday, April 30, 2007

ကဆုန်လပြည့် ဗုဒ္ဓနေ့


ကဆုန်လပြည့်နေ့သည် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပရာနေ့ ဖြစ်ပါသည်။ ညောင်ရေသွန်းပွဲကျင်းပသည့် ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူသည်။ ဘုရားအဖြစ်သို့ ရောက်တော်မူသည်။ ထို့ပြင် ဤနေ့၌ပင် ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ပေသည်။ ထို့ကြောင့် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တို့၏ အမှတ်တရ နေ့ထူးနေ့မြတ်ပင် ဖြစ်ပါသည်။
ကဆုန်လသည် နွေရာသီဖြစ်၍ “တန်ခူး ကဆုန် ဆွေ့ဆွေ့ခုန် “ ဟူသောစကားနှင့်အညီ အလွန်ပူအိုက်သောကာလ ဖြစ်ပါသည်။ မဟာတုလမင်းကြီး၏ ဆယ့်နှစ်ရာသီဖွဲ့လွမ်းချင်းများမှ ကဆုန်လဖွဲ့တွင်ပင် ဤသို့ ဖွဲ့ဆိုထားပါသည်။
" မြူခြေငယ်စွန်းပါလို့
နေ၀န်းငယ် စက်ရှိန်
တောက်လောင်ငယ် ထိန်သည်
ဖန်သူရိန် တေဇာကြောင့်
ပူဗျာပါ ကဲတဲ့လကိုလေး။ "
ထို့ကြောင့် ဤအချိန်ကာလသည် ရေကန်၊ ချောင်းမြောင်းတို့၌ ရေပြတ်သောကာလ ရေခန်းခြောက်သောလ ဖြစ်ပါသည်။ နေ၏အပူရှိန်သည်လည်း အရာရာကို ပူပြင်းခြောက်သွေ့စေပါသည်။
ဤသို့ဖြစ်နေခိုက်တွင် ဗုဒ္ဓဘုရားရှင် ပွင့်တော်မူခဲ့ရာ ဗောဓိညောင်ပင်၏ ခြေတော်ရင်းကို ရေစင်သွန်းလောင်းပူဇော်ခြင်းဖြင့် မြတ်စွာဘုရားရှင်၏ ကျေးဇူးတော်ကို အလုပ်ကျွေးပြုကြသည်မှာ ဗုဒ္ဓဘာသာမြန်မာတို့၏ မွန်မြတ်သော ဓလေ့တစ်ခုပင်ဖြစ်ပါသည်။
ဤဓလေ့ကိုအကြောင်းပြု၍ "ကဆုန်ညောင်ရေသွန်းပွဲတော်" ဟုခေါ်ဝေါ်ခြင်းဖြစ်ပါသည်။ ကဆုန်ညောင်ရေသွန်းပွဲတော်သည် မန္တလေးသူ၊ မန္တလေးသားတို့၏ ဒုတိယမြောက်သင်္ကြန်ဟု ခေါ်ဆို၍ရသောပွဲတော်လည်း ဖြစ်ပါသည်။ ဤသို့ခေါ်ဆိုရသော အကြောင်းအရင်းမှာ မန္တလေးမြို့ ဗောဓိကုန်းရပ်ရှိ ဗောဓိကုန်းဘုရားပရ၀န်အတွင်းတွင် ညောင်ရေသွန်းလောင်းသူ အချင်းချင်းရေပက်ကစားကြသော ပျော်ရွှင်ဖွယ်ဓလေ့ကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ကဆုန်လပြည့်နေ့သည် မန္တလေးသူ၊ မန္တလေးသားတို့၏ တမူထူးခြားသော ပွဲတော်နေ့တစ်နေ့ဖြစ်ပါတော့သည်။

written by waimyintmaw

| 0 Comments

Monday, April 23, 2007

သီလခံယူတယ်ဆိုတာ နပန်းချတတ်မှ

ဗန်းမော်ဆရာတော်ဘုရားကြီးသည် ဥပုသ်သီတင်းနေ့များတွင် သီလလာ၍ ဆောက်တည်သူ ဒကာ၊ ဒကာမများအား ကိုယ်တိုင် သီလပေးလေ့ရှိသည်။ ဆရာတော်သည် သီလပေးရန် ပရိသတ်များရှေ့ရှိ သေချာစွာ ပြုပြင် ခင်းထားသည့်နေရာသို့ ကြွလာပြီး ဒကာ၊ ဒကာမများအား မေးမြန်းလေသည်။
“သီလ ဆောက်တည်တာ မိမိတို့ ကိုယ်တိုင် ဆိုတတ်ကြရဲ့လား ရှေ့က နှုတ်ချပေးရဦးမှာလား” ဟု မေးလေသည်။ ဒကာ၊ ဒကာမများက “မှန်ပါ ရှေ့က နှုတ်တိုက်ပဲ ချပေးပါဘုရား” ဟု လျှောက်ထား၍ ဆရာတော်က ရှေ့မှပင်ချ၍ သီလပေးလေသည်။
တပည့် ဒကာ၊ ဒကာမများအား သီလပေးပြီးနောက် ဆရာတော်က သီလခံယူရာမှာ ဘုန်းကြီးက ရှေ့ကဆိုတိုင်း နောက်ကလိုက်ဆိုတာနဲ့ နပမ်းသတ်ရတဲ့ မောင်ပေါက် အကြောင်းပုံပြင်ကို အောက်ပါတိုင်း ပြောပြလေတော့သည်။
ရှေးက ရွာတစ်ရွာမှာ မောင်ပေါက်နှင့် မကောက်ဆိုသည့် လင်မယား နှစ်ယောက် ရှိသည်။ မယားဖြစ်သူ မကောက်က ရတနာသုံးပါးကို လေးစားယုံကြည်သည်။ မယားမကောက်က ရတနားသုံးပါးကို ကိုးကွယ်ဆည်းကပ်သလောက် မောင်ပေါက်က ဖာသိဖာသာပင် နေသည်၊ မကောက်က ၀ါတွင်းမှာ သီလ မကျိုးမပေါက်အောင် အထူးစောင့်စည်းထားသည်။
မောင်ပေါက်သည် အိမ်မှုကိစ္စအ၀၀ကို ခပ်မှန်မှန် ခပ်အေးအေးပင် လုပ်တတ်သည်။ မကောက် သီလဆောက်တည်သည်ကို တစ်ခါဖူးမျှ အနှောက်အယှက်မပြုခဲ့၊ မိမိဖာသာ မိမိ အေးအေးနေသည်။ နောက်ဆုံး သီတင်းကျွတ်ရန် တစ်သီတင်းသာ လိုတော့သည်။ သီတင်းကျွတ် လဆန်း ၈ ရက် ဥပုသ်သီတင်းနေ့တွင် မယားမကောက်က လင်ဖြစ်သူ မောင်ပေါက်အား သီလဆောက်တည်ရန် တိုက်တွန်းသည်။
“ကိုပေါက်၊ တော်...ဒီလိုချည်းနေလို့မဖြစ်ဘူး၊ သီလလေးဘာလေး ဆောက်တည်ဦးမှပေါ့၊ သီတင်းကျွတ်ဖို့ နောက်တစ်သီတင်းပဲ လိုတော့တယ်၊ သီလ ဆောက်တည်မှ ဘ၀အဆက်ဆက်မှာ အသက်ရှည်သတဲ့ ကိုပေါက်ရဲ့”ဟု သီလခံယူရန် ကျောင်းသွားမည့်ဆဲဆဲ ကန်တော့ပွဲပြင်ရင်း ပြောနေသည်။
“တော်...အခု ကျုပ်နဲ့ တစ်ပါတည်းရင်လည်း လိုက်ခဲ့ပါလားတော်” အေးစက်စက်နိုင်လှသော မောင်ပေါက်အား ဆက်၍ ပြောလေသည်။
“သီလခံယူတာ မလွယ်ဘူးဟ။ ငါက ကျောင်းကောင်းကောင်း မနေခဲ့လို့ မေ့ကုန်ပြီ”
“အံမယ်... လွယ်ပါတယ်တော့၊ ဘုန်းကြီး ရှေ့ကဆိုတဲ့အတိုင်း နောက်က လိုက်ဆိုတတ်ရင် ပြီးတဲ့ဥစ္စာ၊ ထစမ်းပါ၊ အ၀တ်အစားလဲပြီး တစ်ခါတည်း လိုက်ခဲ့စမ်းပါတော်”
“အေး...အေး ဒီတစ်ခါတော့ နင်ချည်းပဲ သွားယူဦး၊ နောက် သီတင်းကျွတ်လပြည့်နေ့ကျမှ ငါလိုက်ခဲ့မယ်” ဟု မောင်ပေါက်က ပြောလိုက်သည်။ မကောက်သည် ဆက်မခေါ်တော့ပဲ ကျောင်းသို့ ရှေ့က သွားနှင့်ကြသည့် ဥပုသ်သည်တွေကို အမီလိုက်၍ သွားတော့သည်။
သီတင်းကျွတ်လပြည့်မရောက်ခင် အဖိတ်နေ့ ညဘက်တွင် မကောက်က မောင်ပေါက်အား သတိပေးသည်။
“တော် နက်ဖြန်ခါ လပြည့်နေ့ ဥပုသ်စောင့်လိုက်ရမယ်၊ ယောက်ျားရင့်မာကြီး လုပ်နေပြီး သီလလေးမှ မဆောက်တည်နိုင်ရင် ဘယ်ကောင်းမလဲ၊ အခု ဘ၀ဟောင်းကို စွန့်ကြလို့ ဘ၀သစ်ကိုပြောင်းကြရင် တော်နဲ့ကျုပ် ဘ၀မကွာ အသက်ရှည်ရှည်နေရမှာ”
“အေးပါဟာ၊ မယားအလှကလည်း တရားပြနေလိုက်တာ နက်ဖြန်နံနက် လိုက်ပါမယ်”
မောင်ပေါက် အနည်းငယ်သွက်လာပြီး မယားမကောက်ကို ကတိပေးလိုက်သည်။ သို့နှင့်ပင် လပြည့်နေ့နံနက် လင်းအားကြီးအချိန်သို့ ရောက်ခဲ့သည်။ မောင်ပေါက်သည် အခါတိုင်းထက် ပိုစောပြီးထ၍ မျက်နှာသစ်နေသည်။ နောက်ပြီး ပုဆိုးအင်္ကျီများလဲ၍ တဘက်ကို ခေါင်းပေါင်းကာ ကျောင်းသို့သွားမည် အပြုတွင် မယားမကောက်က...
“ဘယ့်နှယ်လဲကိုပေါက်၊ ကျောင်းသွားမှာက စောလှချည်လား၊ ဒီအချိန် ဘယ်သူမှ ကျောင်းမသွားကြသေးဘူး ကျုပ်လဲ ဆွမ်းအုပ်နဲ့တစ်ပါတည်းသွားရအောင် မြန်မြန်ချက်နေတာပဲ၊ ပြီးတော့ တော်လည်း ဘာမှ မစားရ မသောက်ရသေးပဲနဲ့”
“ငါမဆာသေးဘူး၊ ကျောင်းက ပြန်လာမှ ထမင်းကြမ်းစားမယ်၊ သူများတွေထက် ပိုပြီး စိတ်သန့်ရှင်းအောင်လို့၊ ငါ ကျောင်းကို အရင်ရောက်အောင် သွားမှာပါ” ဟု မောင်ပေါက်က ထ၍သွားတော့သည်။ မကောက်က “တော်တော် အပြောရကျပ်တဲ့လူပဲ” ဟုသာပြော၍သာ ကျန်နေခဲ့တော့သည်။
မောင်ပေါက်သည် တဖြည်းဖြည်းလျှောက်လာခဲ့ရာ ရွာဦးရှိ ဘုန်းတော်ကြီးကျောင်းအနီးသို့ပင် ရောက်ခဲ့ပေပြီ၊ ကျောင်းဝိုင်းထဲတွင် ကျောင်းသား ကိုရင်တို့ လှုပ်ရှားနေသည်။ ကိုရင်သာမဏေအချို့ မီးတင်းကုပ်ထဲမှာ ရေနွေးအိုးတည်နေကြသည်။
ကျောင်းသားများမှာ ရွာထဲသို့ ဆွမ်းဝတ် သွားယူရန် ကျောင်းပရ၀ုဏ်ပေါက်၌ မောင်ပေါက်က တွေ့ခဲ့သည်။
မောင်ပေါက်မှာ ရှင်သာမဏေအချို့ ဆွမ်းစားကျောင်း ရေတွင်းတွင် ပန်ကန်များ ဆေးကြောနေသည်ကို မြင်ရသည်။
ထိုအခါ မောင်ပေါက်က...
“ကိုရင်ကြီးတို့ ဘုန်းကြီးဘယ်မှာလဲ” ဟု မေးလေသည်။ ကိုရင်များက ဘုန်းကြီး ကျောင်းပေါ်က ဆင်းမလာသေးကြောင်း ပြောပြသည်။ မောင်ပေါက်က ကျောင်းကြီးပေါ်သို့ တက်သွားလေသည်။ မောင်ပေါက်သည် ဘုရားနှင့် ဘုန်းကြီးကို ၀တ်ပြုပြီးနေသည်။
ဘုန်းကြီးက မောင်ပေါက်အား မေးလေသည်။
“မောင်ပေါက်၊ ဥပုသ်စောင့် လာသလား”
“မောင်ပေါက်၊ ဥပုသ်စောင့် လာသလား”
“အို... ဒီကောင် ငါ့ပြောင်နေပြန်ပြီ”
“အို... ဒီကောင် ငါ့ပြောင်နေပြန်ပြီ”
“ဟဲ့... နင်ရူးနေသလား”
“ဟဲ့... နင်ရူးနေသလား”
“တယ်... ငါရိုက်မိတော့မယ်”
“တယ်... ငါရိုက်မိတော့မယ်”
မောင်ပေါက်သည် ဘုန်းကြီးပြောသမျှ နောက်က လိုက်၍ ဆိုနေတော့သည်။
ဘုန်းကြီးက လိုက်ဆိုနေသည့် မောင်ပေါက်အား ထ၍ နပန်းလုံးတော့သည်။ မောင်ပေါက်ကလည်း ဘုန်းကြီးကို ပြန်၍ နပန်းလုံးနေသည်။ ဤသို့ ဘုန်းကြီးနှင့်မောင်ပေါက်၊ မောင်ပေါက်နှင့်ဘုန်းကြီး ထွေးလား လုံးလားဖြစ်ကာ ဘတစ်ပြန်ကျားတစ်ပြန်၊ ဘုန်းကြီးကအောက်ကျလိုက်၊မောင်ပေါက်က ပေါ်ကနေလိုက်၊ မောင်ပေါက်က အောက်ကျလိုက်၊ဘုန်းကြီးကအပေါ်ကနေလိုက် ဖြစ်နေပေတော့သည်။
အနီးတွင်လည်း မည်သည့် ကိုရင်၊ ကျောင်းသား၊ ဒကာ၊ ဒကာမ တစ်ဦးတစ်ယောက်မျှမရှိ ဖြစ်နေ၍ ဖျန်ဖြေပေးမည့်သူတစ်ဦးမျှ မရှိပေ၊ ဘုန်းကြီးနှင့် မောင်ပေါက် နပန်းလုံးကား မလျှော့ကြသေးပေ၊ လုံးမြဲပင် ရှိသေးသည်။
မောင်ပေါက်နှင့်ဘုန်းကြီး ဇွဲမလျှော့ဘဲ နပန်းလုံးနေကြရာ တစ်ဦးနှင့်တစ်ဦး ချွေးသံတစ်ရွှဲရွှဲစိုနေကြပေပြီ၊ အစာအာဟာရလည်း ဘုန်းကြီးရောမောင်ပေါက်ပါ မစားရသေး၍ တော်ကလေး အင်အားကုန်ခန်းပြီး နွမ်းနယ်၍ နေကြသည်။ နှစ်ယောက်စလုံးပင် မောဟိုက်လာကြ၍ ကြက်များတောင်ပံကြား ခေါင်းထိုးကြသလို အချင်းချင်း နားလိုက်ကြပေပြီ။
ဘုန်းကြီးနှင့် မောင်ပေါက် အမောလွန်ကြပြီး နားကြရမှ မောင်ပေါက်က သူ့ခေါင်းမှကျနေသော တဘက်ကို အသာကောက်ယူ၍ အိမ်ပြန်ခဲ့သည်။ ဘုန်းကြီးကလည်း ကြမ်းပြင်ပေါ်ကျနေသည့် ဧကသီ သင်္ကန်းကို အသာကောက်ယူ၍ ပခုံးပေါ်သို့တင်လိုက်သည်။
“ကိုပေါက်၊ ဘယ်နှယ့် အစောကြီး ပြန်လာရတာလဲ၊ ကျုပ်တောင် ပြင်လို့ ဆင်လို့ ပြီးကာရှိသေး၊ ထမင်းဆာလို့ ပြန်လာတာလား၊ အခု ထည့်ပေးမယ်လေ”
မယားက အစောကြီး ပြန်လာသည့် မောင်ပေါက်အား ပြောလိုက်ခြင်းဖြစ်ပေသည်။ မောင်ပေါက်က မည်သို့မျှ မပြောနိုင်ရှာဘဲ သောက်ရေအိုးရှိရာ သွားနေသည်။
“အေး... တော့မယ် အစောကြီးရှိသေး၊ ဆာလှချည်လား” ဟု မေးသည်။ မောင်ပေါက်သည် ရေသောက်ပြီး၍ ရေမှုတ်ကို ကိုင်ထားရင်းဖြင့် “အေး သီလ ခံယူတယ်ဆိုတာ နပန်းချတတ်မှကိုးဟ” ဟု မယားအား ပြောပြနေတော့သည်။
ဤတွင် ဗန်းမော်ဆရာတော်က “မင်းတို့ ဒကာတွေထဲလည်း နပန်းချတတ်တဲ့ လူတွေ ပါနေဦးမယ်” ဟု ဥပုသ်သည် ပရိတ်သတ်ထဲမှာ ရယ်မော၍ မိန့်ကြားလိုက်လေသည်။


ဦးသိန်းထွန်းမြင့် ပြုစုသော ဗန်းမော်ဆရာတော်၏ ဥပမာ ပုံပြင် ၀တ္ထုများ မှ ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

| 0 Comments

Sunday, April 22, 2007

ဖြစ်တတ်ပါတယ်

ဘောလုံးကန်ရင်း ဒါမျိုးတွေလဲ ဖြစ်တတ်ပါတယ်.....












| 0 Comments

Friday, April 6, 2007

သက်ကြီးပင်ပုလေးများ












ဘာရယ်လို့မဟုတ်ပါဘူးဗျာ ဘွန်ဆိုင်းအပင်လေးတွေကို သဘောကျလို့ ဖော်ပြလိုက်တာပါ။
ဘွန်ဆိုင်းအပင်တွေနဲ့ ပတ်သက်တဲ့အကြောင်းအရာလေးတွေ စိတ်ဝင်စားရင်တော့ ဒီမှာ နှိပ်ကြည့်ပါ၊ ဘွန်းဆိုင်းပင်နဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းလေးတွေရယ်၊ အခြားကြောင်းအရာလေးတွေ တော်တော်များများကို လေ့လာနိုင်ပါတယ်။

| 0 Comments

Tuesday, April 3, 2007

ညီလေးသို့ပေးစာ(၁)

ညီလေးရေ

မင်းဆီကို အစ်ကိုစာရေးမယ်ရေးမယ်နဲ့ မရေးဖြစ်ခဲ့ဘူးကွာ၊ အခုမှပဲရေးဖြစ်တော့တယ်၊ မင်းလည်း ၁၀-တန်းဖြေပြီးပြီဆိုတော့ မကြာခင်မှာ တက္ကသိုလ်တက်ရတော့မယ့် တက္ကသိုလ်ကျောင်းသားကြီး ဖြစ်တော့မယ်။ ငါ့ညီ... တက္ကသိုလ်ကျောင်းသားဆိုတဲ့ အရွယ်ဟာ မင်းဘ၀ကို မင်းဘာသာ စတင်ထိမ်းကျောင်းရမယ့် အရွယ်ဖြစ်တယ်။
ဖေဖေ၊ မေမေ နဲ့ အစ်ကိုတို့ကတော့ မင်းလိုအပ်တာကို ဘေးကနေ ပံ့ပိုးရုံသာရှိမယ်။ အခြေခံပညာကျောင်းသားတစ်ယောက်လိုတော့ မကြပ်မတ်တော့ဘူး ညီလေး၊ ဒါမှလည်း မင်းဟာကိုယ့်ဘ၀ကို ကိုယ့်ဘာသာထိမ်းကျောင်း တတ်မှာပေါ့။ နေရာတကာ မိဘနဲ့ အစ်ကိုတွေ၊ အစ်မတွေကို အားကိုးနေရင် မင်းဟာ တစ်ပါးသူရဲ့နောက်ကနေ လိုက်နေတဲ့ နောက်လိုက်တစ်ယောက်ပဲဖြစ်တော့မှာပေါ့။ ဒီလိုသာဆိုရင် မင်းမှာရှိနေတဲ့ ကိုယ်ပိုင်အရည်အချင်းတွေဟာ တဖြေးဖြေးမှေးမှိန်ပျောက်ကွယ်သွားလိမ့်မယ် ညီလေး၊ အစ်ကိုတို့က ညီလေးရဲ့ဘ၀ခရီးလမ်း အတွက် လမ်းညွန်မှုကိုပဲပေးနိုင်ပါတယ်၊ လက်တွေ့လုပ်ဆောင်ဖို့နဲ့ ကြိုးစားဖို့က ငါ့ညီပေါ်မှာ မူတည်တယ်။
ကိုယ့်ဘ၀ကို ထိပ်ဆုံးရောက်အောင်လုပ်တာလည်း ကိုယ်ပါပဲ၊ ကိုယ့်ဘ၀ကို အောက်ဆုံးရောက်အောင်လုပ်တာလဲ ကိုယ် ကိုယ်တိုင်ပါပဲညီလေး။ အစ်ကိုမင်းကို တစ်ခုပြောချင်တာကတော့ စာဖတ်ပါ၊ လောလောဆယ်တော့ တွေ့သမျှစာအကုန်ဖတ်ပါ။ ကဗျာ၊ ၀တ္တွု၊ ဆောင်းပါး၊ မဂ္ဂဇင်း၊ ဂျာနယ်၊ အကုန်တာဖတ်ကွာ။ နောက်ပြီး အချစ်၊ ဟာသ၊စုံထောက်၊သုတ ရသပေါင်းစုံအကုန် ဒီလိုစာတွေဖတ်ရင်းကနေ မင်းစဉ်းစားတွေးခေါ်ကြည့်ပေါ့ကွာ၊ ဘယ်စာကငါ့အတွက် အကျိုးရှိသလဲ၊ ဘယ်စာကတော့ ငါ့ရဲ့စိတ်ကိုညစ်ညူးစေတယ်ဆိုတာတွေကို တဖြည်းဖြည်းနဲ့ မင်းရွေးချယ်တတ်လာလိမ့်မယ် ငါ့ညီ။ နောက်ပြီးအရေးကြီးတာ တစ်ခုက အချိန်မဖြုန်းပါနဲ့၊ အခုခေတ်ကြီးဟာတိုးတက်လာတာနဲ့အမျှ အနာဂတ်ကို ဦးဆောင်နေသူတွေအားလုံးနီးပါးဟာ လူငယ်တွေဖြစ်တယ်၊ ငါ့ညီကိုလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အရည်အချင်းရှိရှိနဲ့ မိမိတတ်ကျွမ်းတဲ့ကဏ္ဍကနေ ဦးဆောင်နေတဲ့လူငယ်တစ်ယောက်ဖြစ်စေချင်တယ်။ အစ်ကိုဘာလို့ ဒါတွေပြောနေရတာလဲဆိုတော့ အခုခေတ်လူငယ်အများစုဟာ အပျော်အပါးနဲ့ အခြားအကျိုးမဲ့တဲ့အရာတွေနဲ့ အချိန်ဖြုန်းနေတတ်ကြလို့ပဲ။ ဒါတွေဟာလည်း သူတို့အပြစ်ကြည့်မဟုတ်ဘူး၊ အုပ်ထိမ်းသူတွေပေါ်မှာလည်း မူတည်တာပေါ့ကွာ။ ခေတ်က တိုးတက်လာတာနဲ့အမျှ လူငယ်တွေကို လမ်းမှားရောက်စေတဲ့အရာတွေ တိုးတက်စေတဲ့အရာတွေကလည်း လက်တစ်ကမ်းမှာပဲရှိတယ်ညီလေး။ အဲဒီတော့ အစ်ကိုကတော့ ငါ့ညီကို လမ်းမှားရောက်သွားတဲ့ လူငယ်တွေထဲမှာ ငါ့ညီကိုမပါစေချင်ဘူး။ မိမိဘ၀တိုးတက်ရာတိုးတက်ကြောင်း အပတ်တကုတ်ကြိုးစားအားထုတ်နေတဲ့ လူတစ်ယောက်ပဲဖြစ်စေချင်တယ် ငါ့ညီ။နောက်တစ်ခုပြောချင်တာက ဘာသာရေးကိုင်းရှိုင်းမှုပဲ ညီလေး။ အစ်ကိုလေ့လာမိသလောက် အစ်ကိုတို့ဗုဒ္ဓဘာသာဝင်တော်တော်များများ ဘာသာရေးနဲ့ပတ်သက်လို့ အားနည်းနေတာတွေ့ရတယ်ကွ။ဘာဖြစ်လို့လဲဆိုတော့ အခြားဘာသာဝင်တွေဟာ သူတို့ဘုရားကျောင်းတက်ရမယ့်နေ့တွေမှာ လူကြီးလူငယ်အားလုံး မပျက်မကွက်တက်လေ့ရှိကြတယ်။ဒါပေမယ့် အစ်ကိုတို့ဗုဒ္ဓဘာသာဝင်တွေကတော့ ဥပုသ်နေ့ဆိုရင် လူကြီးတွေကမှ ဥပုသ်သီတင်းသီလ ဆောက်တည်ကြသေးတယ်၊ လူငယ်တွေကတော့ သူတို့နဲ့မဆိုင်သလိုဘဲ နေလေ့ရှိကြတယ်။ တကယ်တော့ ဥပုသ်သီတင်းသီလဆိုတာ လူကြီးရော၊ လူငယ်ပါဆောက်တည်သင့်တယ် ငါ့ညီ။ မင်းတို့အရွယ်မှာ အမြဲတမ်းကြီးဆောက်တည်ရမယ်လို့တော့ အစ်ကိုမပြောလိုပါဘူးငါ့ညီ တစ်ခါတစ်ရံပေါ့။ ငါ့ညီတို့အရွယ်မှာ အဓိက ထိမ်းသိမ်းသင့်တာက ငါးပါးသီလပဲညီလေး။ အစ်ကိုတို့ဗုဒ္ဓဘာသာမှာ ငါးပါးသီလလုံရင် အပါယ်တံခါးပိတ်တယ်ညီလေး။ နိဗ္ဗါန်ရောက်အောင်မလုပ်နိုင်သေးခင် အပါယ်မကျအောင်ထိမ်းသိမ်းသင့်တယ် ညီလေး။ ဒါပေမယ့် အစ်ကိုမြင်နေတွေ့နေရတဲ့ ရပ်ကွက်ထဲကတချို့လူငယ်တွေ ဘယ်လိုဖြစ်နေလဲဆိုတော့ ဥပုသ်နေ့ဆိုတာသူတို့အတွက် အလုပ်နားတဲ့ရက် အရက်သောက်တဲ့နေ့ဖြစ်နေတယ်။ ဒီအဖြစ်ပျက်တွေဟာ အစ်ကိုတို့ဘာသာအတွက် မဖြစ်သင့်တဲ့အရာတွေပဲ ညီလေး။ညီလေးတို့လည်း လက်လှမ်းမှီသလောက် လူငယ်တွေကို ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပြုပြင်ပေးစေချင်တယ်ကွာ။ အခုအစ်ကိုပြောတာတွေက ညီလေးတို့ သိပြီးသားလည်း ဖြစ်ချင်ဖြစ်မယ်၊ သိပြီးသားဆိုရင် လက်တွေ့ပြုလုပ်ပါညီလေး၊ ကဲငါ့ညီရေ ပြောချင်တာတွေများနေလို့ စာလည်းအတော်ရှည်နေပြီ ဒီစာကိုတော့ ဒီလောက်နဲ့ပဲရပ်လိုက်တော့မယ် ညီလေး…။


ညီလေးတို့ကျန်းမာပါစေ

မင်းတို့ရဲ့အစ်ကိုကြီး

Labels:

| 2 Comments