Interner Cafe များနှင့် e-mail အသုံးပြုသူများသို့
ရန်ကုန်မြို့ရှိ အင်တာနက်ကဖီးအချို့တွင် ဘင်လာဒင် အမည်ရှိ အီးမေးလ် ဗိုင်းရပ်စ်တစ်မျိုးကြောင့် ကွန်ပြူတာများ၏ Software နှင့် Hardware များထိခိုက်ပျက်စီးနေကြောင်း မရမ်းကုန်းမြို့နယ်တွင်ဖွင့်လှစ်ထားသော အင်တာနက်ကဖီးဆိုင်များမှ စုံစမ်းသိရှိရသည်။ ၄င်း Virus သည်e-mail Server Mails နှင့် Free mails Box များမှတစ်ဆင့် e-mail စာများအဖြစ် ဘင်လာဒင်အမည်နှင့် ၀င်ရောက်ကာ အဆိုပါ e-mail ကိုဖွင့်မိလျှင် Computer တွင်းမှတ်သားထားသော Data များကိုသာမက Software နှင့် Hardware များကိုပါ ထိခိုက်ပျက်စီးမှု့များ ဖြစ်ပေါ်ခဲ့ကြောင်း အဆိုပါ ဘင်လာဒင် ဗိုင်းရပ်စ် ဖျက်ဆီးမှု့ဒဏ်ခံခဲ့ရသည့် အင်တာနက်ကဖီး ပိုင်ရှင်တစ်ဦးက ပြောကြားကြောင်းသိရှိရပါသည်။
ထိုကြောင့် e-mail ထဲသို့ ဘင်လာဒင် အမည်ဖြင့် e-mail ၀င်ရောက်လာလျှင် ဖွင့်မကြည့်ဘဲ ချက်ခြင်းဖျက်ပြစ်ရန် အင်တာနက်ဆိုင်များတွင် စာတမ်းများကပ်ထားကြောင်းသိရသည်။
ထိုကြောင့် e-mail ထဲသို့ ဘင်လာဒင် အမည်ဖြင့် e-mail ၀င်ရောက်လာလျှင် ဖွင့်မကြည့်ဘဲ ချက်ခြင်းဖျက်ပြစ်ရန် အင်တာနက်ဆိုင်များတွင် စာတမ်းများကပ်ထားကြောင်းသိရသည်။
Voice-Journal (Vol3/No.34,June 4,2007) မှ ကောက်နှုတ်ဖော်ပြ လိုက်ပါသည်။