Wai Myint Maw
Thursday, May 31, 2007
Sunday, May 27, 2007
Thank you to My Girl-Friend
ကျွန်တော်သာ ကမ္ဘာဦးအစက လူသားဆိုရင် ဓါတ်ပုံထဲက နာရီဟာ ကျွန်တော့အတွက် ကျွန်တော့ရဲ့ဧ၀က ပေးတဲ့ မွေးနေ့လက်ဆောင်ပါ။ အင်း.....နောက်ကျတတ်တဲ့ ကျွန်တော့အတွက် ချစ်သူရဲ့ သတိပေးလက်ဆောင်ပေါ့ဗျာ...
For My Mother
"အမေ"
အို........အမေ
အမေသာလျှင် သားအတွက်ဆို
ထွန်းလငိးတောက်ပ
နေမင်းတမျှပါ အမေ
အို.......အမေ
အမေသာလျှင် သားအတွက်ဆို
အေးမြကြည်လင်
လမင်းအသွင်ပါ အမေ
အို........အမေ
အမေသာလျှင် သားအတွက်ဆို
ဘ၀တိုက်ပွဲမှာ ဓါးလှံကိုင်ဆွဲ
တိုက်ရဲသူပါ အမေ
အို.........အမေ
အမေ့သား ကြီးပြင်းလို့အချိန်တန်
အရွယ်ရောက်ပြန်တော့
ကမ်းမမြင်တဲ့ ဘ၀ပင်လယ်ကြော
မနစ်မျှောရအောင် လမ်းပြရှေ့ဆောင်
ဓူဝံကြယ်ပါ အမေ
ထိုမျှကြီးမား
အမေ့ကျေးဇူးများကို
ဆပ်ခွင့်ကြုံပါရစေဟု
တောင်းဆုပြုပါရစေ..........အမေ
ကျွန်တော့မွေးနေ့မှာ အမေ့အတွက် အမှတ်တရ သားရဲ့လက်ဆောင်ပါ၊
written by-waimyintmaw
Tuesday, May 22, 2007
ဘဲအုပ်က တစ်ရာနှစ်ရာ....
သူငယ်ချင်းတစ်ယောက်က ဘွဲ့ဝတ်စုံထုတ်ဖို့ ကျောင်း(အစိုးရနည်းပညာတက္ကသိုလ်၊အိုးဘို)ကို လိုက်ခဲ့ပါဦးဆိုလို့ လိုက်သွား၇င်း အမှတ်တရရိုက်ခဲ့တဲ့ပုံတွေပါ။ ခဏဆိုလို့ လိုက်သွားပါတယ်ဗျာ မနက် ၈:၀၀ နာရီတည်းက ၀တ်စုံထုတ်ဖို့စောင့်လိုက်ရတာ နေ့လည် ၁:၀၀ လောက်မှပြီးတယ်ဗျာ။ နေပူပူမှာ ချွေးတလုံးလုံးနဲ့တိုးဝှေ့နေတဲ့ ကျောင်းသားတွေနဲ့ ကျောင်းသားရေးရာက ၀န်ထမ်းတွေကိုကြည့်ပြီး "ဘဲအုပ်က တစ်ရာနှစ်ရာ မဗေဒါက တစ်ပင်တည်း......" ဆိုတဲ့ သီချင်းကိုတောင် သွားသတိရမိတယ်ဗျာ....။
Connection....Connection....!
မနေ့ကဗျာ Post အသစ်တင်မယ်ဟဲ့... ဆိုပြီး အားကြိုးမာန်တက်နဲ့ PAC ကို မောင်ဝေကြီးတစ်ယောက် ချီတက်လာခဲ့ပါတယ်၊ PAC ထဲကို ရောက်တော့လည်း အေးအေးဆေးဆေးပါပဲ လွတ်တဲ့စက်တစ်လုံးမှာ ၀င်ထိုင် ပြီးတော့မှ တစ်နေ့ကရိုက်လာတဲ့ဓါတ်ပုံတွေ Upload လုပ်မယ်ပေါ့...၊ဒါနဲ့ပဲ Photobucket ကိုဖွင့်တာပေါ့၊ 8:00pm ကနေစပြီးထိုင်လိုက်တာဗျာ 10:00pm ထိ site က တက်မလာလို့ စိတ်ကသိကအောက် ဖြစ်ခြင်းများစွာနဲ့ ပိုက်ဆံတစ်ထောင် ကုန်သွားတယ်ဗျာ....အင်း......Connection.....Connection..... !
Saturday, May 5, 2007
tag ဆိုလို့ တက်လိုက်တာပါ...
ကိုဇော်မိုးအောင်က tag ခိုင်းလို့သာ တက်လိုက်ရတာ၊ မနည်းကို ဖြစ်ညှစ်ပြီး တက်လိုက်ရတာဗျို့...
၁။ ကျွန်တော်က စပ်စပ်စုစု စူးစမ်းရတာကို ၀ါသနာပါတယ်ခင်ဗျ...၊ ငယ်ငယ်တုန်းက အိမ်ခြံစည်းရိုးပင်ကြားက ပျားအုံကို တုတ်နဲ့သွားထိုးလို့ ပျားလိုက်တုတ်တာ အိမ်ကိုပတ်ပြေးရတယ်ဗျို့၊နောက်ဆုံး မလွတ်တာနဲ့ ခြင်ထောင်ထဲဝင်ပြေးခဲ့ရဖူးတယ်။
၂။ ကျွန်တော် ၈-တန်းကျောင်းသားတုန်းက ဆရာမက စာမေးတာ မဖြေနိုင်လို့ အတန်းရှေ့စတိတ်ပေါ်တက်ပြီး အရိုက်ခံတာ၊ ကြောက်နေလို့လားမသိဘူး ဆရာမက ကြိမ်လုံးနဲ့ ရွယ်ကာရှိသေးတယ် ပုဆိုးကျွတ်ကျလို့ အရှက်ကွဲခဲ့ဖူးတယ်ဗျ...။(ထိုအချိန်မှစ၍ ပုဆိုးကို ချက်ပြုတ် မ၀တ်တော့ပါ။)
၃။ ကျွန်တော်က အလွန်မေ့တတ်တာဗျ…၊ဘယ်လောက်ထိအောင်မေ့တတ်သလဲဆိုရင် ကိုယ့်ရည်းစားနာမည်ကိုတောင် မေ့နေလို့ ပြဿနာအကြီးအကျယ်တက်ခဲ့ဖူးတယ်။
၎။ ကျွန်တော်က တော်တော်အပြင်းထူတာဗျ...။စာကျက်တာတောင် စာအုပ်ကိုင်ရမှာပြင်းလို့ စာအုပ်ကို ခေါင်းအုံးဘေးမှာထောင်ပြီးမှ အိပ်ရာထဲမှာ ဇိမ်နဲ့ စာကျက်တာ။
၅။ နောက်ပြီး ကျွန်တော်က ကျောင်းတက်ရတာသိပ်ပျော်တာဗျ၊ တက္ကသိုလ်တက်တာတောင် တစ်တန်းကို နှစ်နှစ်နှုန်းနဲ့ ခြောက်နှစ်တက်ခဲ့တာဗျ...ဟဲဟဲ...ကျောင်းပျော်ကြီးပေါ့..။
၆။ အားကစားကတော့ လုံးဝကို ၀ါသနာ မပါတာဗျ...၊အားကစားဆိုတာ အားမှ ကစားရတာတဲ့၊ ကျွန်တောကတော့ အားလည်း မကစားဘူး...ဟဲဟဲ...ပျင်းတာကိုးဗျ...။
၇။ အနုပညာနဲ့ပတ်သက်လို့ ဂစ်တာတီးသင်ဖူးတယ်၊' f 'လက်ကွက်မကိုင်တတ်လို့ ဂစ်တာမတီးတတ်ခဲ့ဘူးဗျာ…။
၈။ တစ်ယောက်တည်း အေးအေးဆေးဆေးနေတတ်တာ ကျွန်တော့်အကျင့်ဗျ။
၉။ နောက်ပြီး ကိုယ်နဲ့သိပ်ပြီးမရင်းနှီးတဲ့သူဆိုရင် စကားကို လေးလုံးကွဲအောင်မပြောတတ်ဘူးဗျ...၊ အဲဒါကြောင့်နဲ့တူတယ် ကျွန်တော့မှာ အပေါင်းအသင်းသိပ်မရှိဘူး...။
၁၀။ ချိန်းထားလျှင် နောက်ကျတတ်တာ ကျွန်တော့်ရဲ့ အစွဲမြဲဆုံးသော အကျင့်ပါ။ မယုံရင် ကျွန်တော့သူငယ်ချင်းများနှင့် ကျွန်တော့ရည်းစားကို မေးကြည့်ပါ။

ကြားဖူးနားဝ ဟာသများ
ဒွိလိင်လေလော
ကွန်ပြူတာသည် အထီးလော၊ အမလောဟု လင်မယားနှစ်ဦး ငြင်းခုံကြသည်။
ယောက်ျားဖြစ်သူက "ကွန်ပြူတာဆိုတာ မိန်းမမှ မိန်းမအစစ်ကွ။ သူတို့အတွက် ဆက်စပ်ပစ္စည်းတွေ ၀ယ်ပေးရတာကိုက လစာတစ်ဝက်လောက် ကုန်တယ်။ ဒါလောက် လုပ်ပေးတာတောင် အသေးဆုံးအပြစ်ကလေးကို တစ်ချိန်မှာသုံးဖို့ သူတို့ရဲ့ ရေရှည်မှတ်ဥာဏ်ထဲမှာ မှတ်ထားလိုက်သေးတယ်"
"မဟုတ်ဘူး။ သူတို့က အထီးမှ အထီးပါတော်။ သူတို့ရဲ့ ဂရုစိုက်မှုကိုရဖို့ရာ သူတို့ကို 'အွန်' လုပ်ပေးရသေးတယ်။ အွန် လုပ်ပြီးတာနဲ့ သူတို့အကြောင်းကို ချက်ချင်း သိရတော့တာပဲ။ နည်းနည်းလေးသာ အချိန်စောင့်ပြီးမှ ၀ယ်လိုက်ရရင် အများကြီးပိုကောင်းတဲ့ မော်ဒယ်ကို ရနိုင်တယ်ဆိုတာလေ"
ရေးရခက်ကြီး
ခရစ္စကို ကျောင်းက ကလေးမွေးစားခြင်းအကြောင်းစာစီစာကုံး ရေးခိုင်းလိုက်သည်။ သို့နှင့် သူက သူ့မိဘများကို မေးသည်။
"ကျွန်တော် ဘယ်လိုမွေးလာတာလဲ"
သူ့အမေက ဖြေသည်။
"ဒီလိုသားရဲ့။ မင်းကို ငါတို့ဆီ ငှက်ကြီးဝန်ပိုက ယူလာပေးခဲ့တာ"
"အိုး... ဒါဆို အဖေနဲ့အမေတို့ ဘယ်လိုမွေးလာတာလဲ"
"ဘိုးဘိုးနဲ့ဘွားဘွားကျတော့ရော"
သူ့အမေက ကုလားထိုင်တွင် ဟိုဘက်သည်ဘက်လှည့်ရင်း ဖြေသည်။
"သူတို့ကိုလည်း ငှက်ကြီးဝန်ပိုပဲ ယူလာခဲ့တာကွဲ့"
သို့ဖြင့် ခရစ္စက သူ့စာစီစာကုံးကို ဤသို့ စဖွင့်သည်။
"ကျွန်တော်၏ မိသားစုသည် မျိုးဆက်သုံးဆက်တိုင်အောင် သဘာဝအတိုင်း မွေးဖွားခြင်းမဟုတ်ခဲ့ကြ၍ ရေးပြရန် အတော်ခက်နေပါသည်"
အယောင်မှားလိုက်ပုံက
တစ်နေ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးက သူဆေးခန်းသွားနေ၍ ယနေ့အလုပ်မလာနိုင်ကြောင်း ပိုင်ရှင်ထံအရေးပေါ်ခွင့်တိုင်သည်။ နောက်တစ်နေ့တွင် နားနှစ်ဖက်ကို ပတ်တီးစည်းပြီး ရုံးတက်လာရာ ပိုင်ရှင်က...
ဘော့စ်။ ။ ဟေ့... မနေ့က မောင်ရင်ဘယ်လိုဖြစ်တာလဲ။
ဝန်ထမ်း။ ။ ဒီလိုပါဆရာ... မနေ့က ရုံးချိန်နီးနေလို့... မီးပူအလောတကြီးတိုက်နေတုန်း ရုတ်တရက် ဖုန်းက ကောက်ကာငင်ကာမြည်လာတာ ကျွန်တော်လည်း ယောင်ပြီး မီးပူကို ဖုန်းအမှတ်နဲ့ နားရွက်ကို ကပ်လိုက်မိလို့ဆရာ။
ဘော့စ်။ ။ သြော်... ဖြစ်မှဖြစ်ရလေ... ဒါနဲ့... နောက်နားတစ်ဖက်ကျတော့ရော... ဘယ်လိုဖြစ်သွားရတာလဲ။
ဝန်ထမ်း။ ။ အဲဒါနဲ့ ကျွန်တော်လည်း နားလောင်သွားပြီဟ... ဆရာဝန်ခေါ်မှ ဖြစ်တော့မယ်ဆိုပြီး ဆေးခန်းကို ဖုန်းဆက်ဖို့ ဖုန်းကောက်ကိုင်လိုက်တာ...။
ဘော့စ်။ ။ အဲဒီတော့...။
ဝန်ထမ်း။ ။ အဲဒါလည်း ဖုန်းမဟုတ်ဘဲ မီးပူပဲဖြစ်သွားလို့ပါဆရာ။