function buildCal(m, y, cM, cH, cDW, cD, brdr){ var mn=['January','February','March','April','May','June','July','August','September','October','November','December']; var dim=[31,0,31,30,31,30,31,31,30,31,30,31]; var oD = new Date(y, m-1, 1); //DD replaced line to fix date bug when current day is 31st oD.od=oD.getDay()+1; //DD replaced line to fix date bug when current day is 31st var todaydate=new Date() //DD added var scanfortoday=(y==todaydate.getFullYear() && m==todaydate.getMonth()+1)? todaydate.getDate() : 0 //DD added dim[1]=(((oD.getFullYear()%100!=0)&&(oD.getFullYear()%4==0))||(oD.getFullYear()%400==0))?29:28; var t='
'; t+=''; for(s=0;s<7;s++)t+=''; t+=''; for(i=1;i<=42;i++){ var x=((i-oD.od>=0)&&(i-oD.od' //DD added t+=''; if(((i)%7==0)&&(i<36))t+=''; } return t+='
'+mn[m-1]+' - '+y+'
'+"SMTWTFS".substr(s,1)+'
'+x+'
'; } WaiMyintMaw

Monday, February 12, 2007

ဖခင်တစ်ဦးအကြောင်း

ဘာတွေပဲဖြစ်နေနေ၊ အဖေလာမယ် စိတ်ချ
၁၉၈၉ ခုနှစ်တွင် အာမေးနီးယားပြည်၌ ရစ်ချတာစကေး ၈.၂ ရှိသည့် အင်အားပြင်းထန်သော မြေငလျင်ကြီးတစ်ခု ဖြစ်ပေါ်သည်။ တိုက်တာအိမ်ရာတွေ မြေကြီးမှာ ပြားပြားဝပ်သွားပြီး
၎ မိနစ်ပင်မပြည့်သည့် အချိန်အတော
အတွင်း လူပေါင်း ၃၀,၀၀၀ကျော် သေဆုံးခဲ့ရသည်။ အပျက်အစီးတွေဖရိုဖရဲ ကစဥ့်ကလျားကြားမှာ ဖခင်တစ်ယောက် ဇနီးသည်ကိုအိမ်မှာ ဘေးမသီရန်မခထားခဲ့ကာ သူ့သားရှိနေမည့်စာသင်ကျောင်းဆီသို့ပြေးလာသည်။သို့သော် ကျောင်းဆီရောက်တော့ ကျောင်းက မြေမှာပြားချပ်နေပြီ။ရုတ်တရက်သူ့ရင်ထဲဆို့နင့်ကာ ကယောင်ချောက်ချားဖြစ်သွားသည်။ သည့်နောက်မှာ သားကို သူပေးထားသည့်ကတိစကားကို ပြန်၍သတိရသည်။ "ဘယ်ကိစ္စမျိုးကြုံကြုံသားဘာမှမစိုးရိမ်နဲ့၊အဖေရောက်လာမယ်စိတ်ချ"ဆိုသော စကား။ သူ့မျက်လုံးအစုံထဲမှာ မျက်ရည်တွေအိုင်လာသည်။ သူ့ရှေ့တွင် တစ်ချိန်ကစာသင်ကျောင်းရှိခဲ့သောနေရာ၌ အုတ်ပုံအစုအဝေးတစ်ခုရှိနေသည်။ ဘယ်လိုမှမျှော်လင့်နိုင်စရာမရှိအောင်ပိပြားနေသည့်အုတ်
ပုံကြီးတစ်ခု။ သို့သော် သားထံပေးခဲ့သောကတိစကားကို သူထပ်တလဲလဲပြန်ကြားနေသည်။
စိတ်ကိုတည်ငြိမ်အောင်ကြိုးစားထိန်းကာသူနေ့စဉ်နံနက်တိုင်းလိုက်ပို့နေကျဖြစ်သည့် သူ့သားငယ်၏စာသင်ခန်းရှိရာနေရာကို မှန်းဆရှာဖွေသည်။ သားတို့အခန်းသည် အဆောက်အဦး၏ လက်ယာဘက်အပိုင်းနောက်ဘက်ခြမ်းမှာ။ သည်နေရာသို့ သူပြေးသွားသည်။ ပြီးအုတ်ကျိုးအုပ်ပဲ့တွေကို စတင်တူးဆွဖယ်ရှားခြင်း ပြုလေသည်။ သူဖယ်ရှားနေဆဲ တခြားမိဘတွေပါရောက်လာာကသည်။”ငါ့သားလေး သေပါပြီ” ။ “အမယ်လေး……ငါ့သမီးလေး မရှိတော့ပါဘူး”စသည်ဖြင့်သောကမီး၊ ပရိဒေ၀မီးတွေ တောက်လောင်ကာ ငိုကြွေးကြမြည်တမ်းကြသည်။ တည်တည်ငြိမ်ငြိမ်ရှိသည့် တချို့မိဘများကတော့ (သွေးရူးသွေးတမ်းလုပ်ကိုင်နေဟန်ရှိသော)သူ့အား ကရုဏာသက်ကာ ကျောင်းပျက် အုတ်ကျိုးပုံမှ ဖျောင်းဖျခေါ်ယူကြသည်။
“ မရတော့ပါဘူးဗျာ ”
“ ဘယ်သူမှ အသက်မရှိတော့ပါဘူးဗျာ ”
“ အဲဒီလိုလုပ်နေလို့ အကျိုးမထူးတော့ပါဘူး၊ အိမ်သာ ပြန်ပါဗျာ ”
“ စိတ်ကိုထိန်းမှပေါ့၊ ခင်ဗျား မြင်တဲ့အတိုင်းပဲ၊ ဘာလုပ်လို့ရဦးမှာလဲ ” စသည်ဖြင့်ပြောကြသည်။
တချို့ကဆိုလျှင် “ ဟေ့လူ…တော်ပါတော့ဗျာ၊ ခင်ဗျားလုပ်တဲ့အတွက် ပိုတောင်ဆိုးနေဦးမယ်”ဟုအပြစ်
တင်ကြသည်။သည်လိုလာပြောသည့်မိဘတိုင်းကို သူက စကားတစ်ခွန်းပဲပြန်ပြောသည်။ ” ဒီမှာ…. ခင်ဗျားအခုကျွန်တော်လုပ်နေတာကို ၀င်ကူမလား၊ မကူဘူးလား၊ ဒါပဲပြောဗျာ”ဟူ၍။ သည်နောက် အဲသည်
လူတွေကို လျစ်လျူရူကာ သူ့သားကိုဖော်ထုတ်နိုင်ဖို့ပဲ သူဆက်လုပ်သည်။ အုတ်၊အင်္ဂတေ အစိုင်အခဲတွေ တစ်တုံးချင်တစ်ဖဲ့ချင်း ကောက်ယူဖယ်ရှားသည်။ သည်အချိန် မီးသတ်အရာရှိ ရောက်လာပြီးသူ့ကို ဆွဲထုတ်ဖို့ကြိုးစားသည်။
”မီးတွေလောင်နေပြီ၊
ဘယ်နေရာမဆို အချိန်မရွေး ထပေါက်နိုင်တယ်၊ ခင်ဗျားအတွက် အန္တရယ်ရှိတယ်၊ ကျွန်တော်တို့ လုပ်ပါ့မယ်၊ကိုယ့်အိမ်သာကိုယ်ပြန်ပါ”ဟု ဆိုသည်။ သားကို ချစ်သောအဖေကတော့ သူ့စကားကို အရေးမထား။
”ခင်ဗျားကျုပ်ကို ကူညီမလား၊မကူညီဘူးလား၊ ဒါပဲပြောပါ”ဟုပဲ ပြန်ပြောသည်။
ရဲကလည်း ရောက်လာသည်။
“ခင်ဗျားသွေးရူးသွေးတန်းတွေ လျှောက်လုပ်မနေနဲ့၊ ခင်ဗျားကြောင့် တခြားလူတွေမှာ အန္တရာယ်ဖြစ်မယ်၊ အိမ်ပြန်ပါ၊ ကျွန်တော်တို့ လုပ်ပါ့မယ်”
ရဲကိုလည်း ခင်ဗျားကျွန်တော့်ကိုကူညီမှာလားပဲ သူပြန်မေးသည်။
မည်သူကမျှ မကူညီ။
သို့သော် ကိစ္စမရှိ။ သူ့ဘာသာတစ်ကိုယ်တည်း ဇွဲနပဲကြီးစွာ သူတူးဖော်သည်။ သူ့မှာအရေးကြီးနေတာတစ်ခုပဲရှိသည်။ ”ငါ့သားလေး သေပြီလား၊အသက်ရှင်နေသေးလား” ဒါသေချာဖို့လိုသည်။သူတစ်ယောက်တည်း အုတ်ကျိုးအုတ်ပျက်ပုံကိုဖယ်ရှားသည်။ ၈ နာရီ ကြာပြီ၊…..၁၂ နာရီ၊……၂၄ နာရီ၊…..၃၆ နာရီ၊ အဲသည်နောက် ၃၈ နာရီမြောက်၌ အုတ်အင်္ဂတေတုံးကြီးတစ်တုံး သူဆွဲထုတ်လိုက်ပြီးသည့်နောက်တွင် သား၏အသံကို ကြားလိုက်ရသည်။ ချက်ချင်းပင် သား၏နာမည်ကို သူ သံကုန်အော်ခေါ်လိုက်သည်။
“အားမန်း…………”
ပြန်အော်သံ ကြားရသည်။
”ဖေဖေ……ဖေဖေလား၊ သားပါ ဖေဖေရ၊
သူငယ်ချင်းတွေလဲ သားပြောထားတယ်၊’ဘာမှမကြောက်ကြနဲ့၊ ငါ့အဖေ မသေသေးရင် ငါ့ကိုသေချာပေါက် လာကယ်မှာ၊ ငါလွတ်ရင် မင်းတို့လဲလွတ်မယ်’လို့၊ ဖေဖေ သားကို ကတိပေးထားတယ်မဟုတ်လား၊’ဘယ်ကိစ္စမျိုးကြုံကြုံ သားမစိုးရိမ်နဲ့၊ ဖေအရောက်လာမယ်စိတ်ချ’ဆိုတာလေ၊ အခု အဖေပြောထားတဲ့အတိုင်းပဲ ရောက်လာပြီပေါ့”
“အဲဒီ အောက်ထမှာ ဘယ်လို အခြေအနေရှိလဲသား” အဖေကမေးသည်။
“သားတို့ ၃၃ယောက်ထဲမှာ ၁၄ယောက်ပဲကျန်တယ် အဖေ၊ သားတို့ ကြောက်လဲကြောက်တယ်၊ဆာလဲ ဆာတယ်၊ရေလဲ ငတ်တယ်၊ အဖေရောက်လာတာအရမ်းဝမ်းသာတာပဲ၊ ကျောင်းကြီးပြိုကျတော့ သားတို့နေရာလေးကွက်ပြီး တြိဂံပုံ အမြှောင့်လေး တစ်မြှောင့်မပိဘဲ ကျန်နေတယ်၊ အဲဒါကြောင့် သားတို့မသေတာ”
“ကဲ………ထွက်ခဲ့တော့သားရေ”
“နေဦး ဖေဖေရ၊ တခြားလူတွေ အရင်ထွက်ပါစေ၊သားမှာက ဖေဖေရှိနေတာပဲ၊ဘယ်လိုကိစ္စမျိုးကြုံကြုံသားက မစိုးရိမ်ဘူး၊ အဖေလာကယ်မယ်ဆိုတာ သိနေတယ်”

ဆရာဖေမြင့်ရဲ့ နှလုံးသားအဟာရ ရသစာများ ထဲကတစ်ခုပါ။၊
ကျွန်တော်ကြိုက်လွန်းလို့ မျှဝေလိုက်တာပါ။
ကျွန်တော်သာ နောင်တစ်ချိန်မှာ မိဘနေရာရောက်ခဲ့လို့ ဖခင်တစ်ယောက်ဖြစ်ခွင့်ရခဲ့မယ်ဆိုရင် ဒီရသစာထဲက ဖခင်လို ကိုယ့်ရဲ့သားသမီးကို ယုံကြည်မှု့ အပြည့်အ၀ပေးချင်ပါတယ်ဗျာ။ တခြားသူတွေလည်း
ကျွန်တော့လိုခံစားမိမှာပါ။



1 Comments:

Blogger Thyda said...

Nice one! Thanks for sharing.

February 13, 2007 at 6:31 AM  

Post a Comment

Subscribe to Post Comments [Atom]

<< Home